အီသီယိုးပီးယားတွင် တိုက်ပွဲများကြောင့် လူသန်းပေါင်းများစွာကို ကူညီရေးခက်ခဲဟု ကုလပြော

321
အီသီယိုးပီးယားရဲ့ တီဂရေးဒေသ နေရာအတော်များများမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် လူသန်းပေါင်းများစွာကို အကူအညီပေးရေး ကြိုးပမ်းချက်တွေကို နှောင့်နှေးစေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လူသန်းပေါင်းများစွာဟာ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
အစိုးရထိန်းချုပ်ရာ ဒေသတွေဆီ လူသားချင်းစာနာတဲ့ အကူအညီပေးပို့ရေး သဘောတူ ထားပေမဲ့ ဒီဇင်ဘာ ၄ ရက်အထိ သွားလာခွင့် မရသေးဘူးလို့ ကုလအရာရှိ တစ်ဦးက AFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ အီသီယိုးပီးယားက တီဂရေးဒေသရဲ့ မြို့တော် မက်ခဲဆီ ဝင်ရောက်ခဲ့ပြီး တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး TPLF တပ်ဖွဲ့တွေနဲ့ လချီတိုက်ခဲ့တဲ့ ပဋိပက္ခဟာ ပြီးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။
TPLF တပ်ဖွဲ့တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း လူပေါင်းရာချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူပေါင်းသောင်းချီ နေရပ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည်တွေဟာ အလုံးအရင်းနဲ့ အိမ်နီးချင်း ဆူဒန်နိုင်ငံထဲကို ပြေးဝင်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။