မြန်မာယူ ၂၃ အသင်းအခြေအနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
August 20, 2013
မြန်မာယူ ၂၃ ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက အသင်းရဲ့ လက်ရှိအခြေ အနေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မှာ ဒီနေ့ ပြုလုပ်သွားပါတယ်။
ဆီးဂိမ်းမှာ ရွှေတံဆိပ်ရဖို့ ရည်ရွယ်ထားပြီး ကစားသမားတွေအားလုံး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ရာနှုန်းပြည့် ကောင်းနေရင် ရနိုင်ကြောင်း နည်းပြက ပြောပါတယ်။ လောလောဆယ်မှာတော့ ပြင်ဆင်တဲ့အနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ပြုလုပ်မယ် မာဒေးကားဖလားပြိုင်ပွဲ ၀င်ဖို့ စီစဉ်ထားပါတယ်။
မာဒေးကားပြိုင်ပွဲကို အတွေ့အကြုံ ရရုံသက်သက် မဟုတ်ဘဲ အသင်းရဲ့ အကောင်းဆုံး လူစာရင်း နဲ့ ယှဉ်ပြိုင်မယ် နည်းပြချုပ် ပတ်ဆောင်ဟွာက ပြောပါတယ်။ Read more