ကိုဗစ်-၁၉ လူနာသစ်များတွင် ရန်ကုန်က ၈၁၀ ဦး၊ မန္တလေးက ၂၅၁ ဦးဖြင့် အများဆုံးပါဝင်
DVB
·
December 4, 2020
ဒီဇင်ဘာ ၃ ရက်ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၁၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၁၀ ယောက်၊ မန္တလေးတိုင်းက ၂၅၁ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ သိရ ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံမြို့နယ်က ၇၇ ယောက်၊ တောင်ဥက္က လာပမြို့နယ်က ၇၁ ယောက်၊ မရမ်းကုန်းမြို့နယ်က ၆၆ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစု ပေါင်း မြို့နယ် ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ ခုမှာ ၂၅၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၈၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၇ ခုမှာ ၉၈ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၇ ခုမှာ ၅၄ ယောက်၊ မွန် ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၁ ခုမှာ ၃၃ ယောက်၊ ရှမ်းပြည်နယ်မြို့ နယ် ၁၁ ခုမှာ ၁၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၆ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၇ ယောက်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ၂ ယောက်၊ ချင်းပြည်နယ်၊ ဖလန်းမြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၆၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ ဒသမ ၆၅ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၅ ဒသမ ၄၉ သန်းကျော် ရှိနေ ပြီ ဖြစ်ပါတယ်။
Photo-MOHS