A d v e r t i s e m e n t With Us

ကိုဗစ်ကာလ အလုပ်လက်မဲ့နှင့် လစာလျှော့ခံရသည့် သတင်းသမား ၃၀၀ ခန့်ရှိလာ

ကိုဗစ်-၁၉ ကပ်ဘေးကာလ အချိန် ၉ လနီးပါးရှိလာချိန်မှာ အလုပ်လက်မဲ့နဲ့ လုပ်ခ လစာလျှော့ခံရတဲ့ သတင်းသမား အယောက် ၃၀၀ လောက်အထိ ရှိလာပြီလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြောပါတယ်။ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့၊ လစာလျှော့ခံ ၊ လစာနည်း၊ ကွာရန်တင်းဝင်ရတဲ့ သတင်းသမားတွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထောက်ပံ့မှုတချို့ပြုလုပ်ပေး နေတာပါ။  လက်ရှိအချိန်အထိစာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ အလုပ်လက်မဲ့နဲ့ လစာလျှော့ခံရတဲ့ သတင်းသမား ၃၀၀ လောက်အထိရှိနေပြီး အဲ့ဒီအထဲက သတင်းသမား ၁၈၀ လောက်ကို ထောက်ပံ့မှုတချို့ပြုလုပ်ပေးထားတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး  ကိုဒီမင်း က ပြောပါတယ်။ လတ်တလောအချိန်အထိ လုပ်ငန်းရပ်ဆိုင်းသွားတဲ့ သတင်းဌာနပေါင်း ၁၀ ခုနီးပါးရှိလာပြီ ဖြစ်ပြီး တချို့သတင်း ဌာနတွေက ပုံနှိပ်ဖြန့်ချိတာကို ရပ်ဆိုင်းကာ အွန်လိုင်းစနစ်နဲ့ပဲ ဆက်လက် လည်ပတ်နိုင်ပါတော့တယ်။ ကိုဗစ် -၁၉ ကြောင့် စီးပွားရေးရိုက်ခတ်မှုတွေရှိနေသရွေ့ သတင်း မီဒီယာလောက ပြန်ပြီးဦးမော့လာနိုင်ဖို့ခက်မယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ၂ ကိုမြင့်ကျော်က သုံးသပ်ပြောပါတယ်။ ကိုဗစ်ကာလအတွင်း သတင်းသမားတွေဟာ အလုပ်အကိုင်ရှားပါးတဲ့ပြဿနာအပြင် အလုပ်ရှိ တဲ့ သတင်းသမားတွေဟာလည်း ဌာနတွေက ငွေကြေးသုံးစွဲနိုင်မှုအားနည်းလာတာ၊ အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်  စတာတွေကြောင့် အင်တိုက်အားတိုက် အလုပ်လုပ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တဲ့ မတ်လကုန်ပိုင်းကစပြီး သတင်းဌာနတွေဟာ စီးပွားရေးအကြပ်အတည်းကြောင့် ဝန်ထမ်းအင်အားလျှော့ချတာ၊ ဝန်ထမ်းလစာလျှော့ချတာတွေကို ပြုလုပ်ခဲ့ရတာပါ။  လက်ရှိ အချိန်မှာတော့ နာမည်ကြီးသတင်းဌာနတွေတောင် စီးပွားရေးအရရပ်တည်ဖို့ ခက်ခဲလာပြီး အကြပ်အတည်းနဲ့ ကြုံတွေ့နေကြရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up