ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး  ဂျင်မီလိုင် လိမ်လည်မှုဖြင့် အဖမ်းခံရ

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီးလည်းဖြစ်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဂျင်မီလိုင်ဟာ  ဒီဇင်ဘာ ၃ ရက်က လိမ်လည်မှုစွဲချက် အာမခံမရဘဲ ထိန်းသိမ်းခံရပါတယ်။ ဂျင်မီလိုင်ရဲ့ Apple Daily သတင်းစာတိုက်ရှိရာ အဆောက်အအုံ ငှားရမ်းတာနဲ့ ပတ်သက်ပြီး  လိမ်လည်မှု ရင်ဆိုင်နေရတယ်လို့ အစိုးရဆန့်ကျင်ရေးသတင်းစာက ဖော်ပြပါတယ်။ ရုံးအသုံးပြုတဲ့အပေါ်မှာ မြေပိုင်ရှင်ကို ဖုံးကွယ်ပြီး မှားယွင်းတင်ပြခဲ့တယ်ဆိုတဲ့ သံသယနဲ့  လိုင်နဲ့ သူရဲ့ Next Digital ကုမ္ပဏီအကြီးတန်း အုပ်ချုပ်ရေးအရာရှိ နှစ်ယောက်ဟာ ဒီဇင်ဘာ ၂ ရက်က စွဲချက်တင်ခံရပါတယ်။  မြေပိုင်ရှင်ဟာ ဟောင်ကောင်အစိုးရ တည်ထောင်ထားတဲ့ အစိုးရကော်ပိုရေးရှင်းတစ်ခု ဖြစ်ပါတယ်။ အကြီးတန်း အုပ်ချုပ်ရေးအရာရှိ နှစ်ယောက်က အာမခံရခဲ့ပေမဲ့ အသက် ၇၃ နှစ်အရွယ် လိုင်ကိုတော့ လိုင်ချိုင်ကို့ အကျဉ်းထောင်ဆီ ခေါ်သွားခဲ့ပါတယ်။ ဒါကြောင့်  ခရစ္စမတ်ကာလအတွင်း လိုင်ဟာ အကျဉ်းထောင်မှာ နေရဖွယ် ရှိပါတယ်။ လိုင်အပေါ် စွဲဆိုထားတဲ့ လိမ်လည်မှုဟာ အမျိုးသားလုံခြုံရေးဥပဒေလွှမ်းမိုးမှု မရှိပေမဲ့ ဒါဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖြိုခွင်းမှု ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up