A d v e r t i s e m e n t With Us

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅ သန်းကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော် ရှိလာ

ဒီကနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၆၅ သန်းကျော်လာခဲ့ပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၁ သန်းခွဲကျော် ရှိနေခဲ့ပါ တယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၄ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၂၈၂,၅၈၄ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁၃၉,၁၀၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁၇၅,၂၇၀ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီး သီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၂ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၄၁,၆၀၇ ယောက်၊ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၅၄,၁၄၀ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၀၃၈ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၆၀,၁၁၃ ယောက်၊ အီတလီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၅၈,၀၃၈ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၃၉,၃၀၅ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၇,၃၀၅ ယောက်၊ မက္ကဆီကိုနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်းကျော်၊ ဂျာမနီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၈,၂၆၀ ယောက်စီနဲ့ ရပ်တည်နေပါတယ်။ လတ်တလောမှာတော့ အီရန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအ တွက် ၁ သန်းကျော်လာခဲ့ပြီဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ် ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၆,၅၆၇ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၇၂ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနဲ့ အီရန်နိုင်ငံပြီးရင် တူရကီ၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၇၃၃,၂၆၁ ယောက်၊ ၅၅၈,၇၆၇ ယောက်၊ ၅၅၇,၈၇၇ ယောက်စီနဲ့ အသီးသီး ရှိနေပါ တယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၇၁,၇၃၉ ယောက်နဲ့ သေဆုံးသူ ၆,၇၄၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၃၅,၄၁၃ ယောက်နဲ့ သေဆုံးသူ ၈,၄၄၆ ယောက်နဲ့ ဒုတိ ယနေရာမှာ ရှိနေခဲ့ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေ ဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၆၉,၀၉၅ ယောက်နဲ့ သေဆုံးသူ ၃၇၆ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၂၃၉ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာပဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၄,၀၃၉ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၆၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၁ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၃၁ ယောက်နဲ့  ၃၉ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၅ သန်းကျော် ရှိနေခဲ့ တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up