A d v e r t i s e m e n t With Us

အီရန်အကြီးတန်းစစ်ဦးစီးမှူး ဆီးရီးယား၌ သတ်ဖြတ်ခံရ

အီရန်တော်လှန်ရေးအစောင့်တပ်က အကြီးတန်း စစ်ဦးစီးမှူး မွတ်စလင်ရှားဒန်နဲ့ တခြား ၃ ယောက်ဟာ သူတို့ကားနဲ့ လက်နက်တွေ သယ်လာပြီး အီရတ်နယ်စပ်ကိုဖြတ်ရင်း ဆီးရီးယား နိုင်ငံထဲ အရောက်မှာ ဒရုမ်းယာဉ်နဲ့ တိုက်ခိုက် သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တယ်လို့ အီရတ် လုံခြုံရေးတပ်နဲ့ ဒေသခံပြည်သူ့စစ် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Times of Israel သတင်းဌာနက သတင်းထုတ်ပါတယ်။ ဒီသတင်းဟာ တနင်္လာနေ့တည်းက အာရပ်ဘာသာစကားနဲ့ တင်ဆက်တဲ့ မီဒီယာတွေပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြ ခံခဲ့ရတာပါ။ ဒါပေမဲ့တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာကိုတော့ သတင်းတွေမှာ မဖော်ပြပါဘူး။ အရင်အပတ်ကလည်း အီရန်ရဲ့ ထိပ်တန်း စစ်ဘက် နျူကလီးယား သိပ္ပံပညာရှင် လုပ်ကြံ သတ်ဖြတ် ခံရလို့ သေဆုံးခဲ့ပါတယ်၊ ဒါ့အပြင် အီရန် စစ်တပ်အကြီးအကဲ ကာဆမ်ဆူလေမာနီလည်း ဒရုမ်းယာဉ်နဲ့ပစ်ခတ် သတ်ဖြတ် ခံခဲ့ရပါသေးတယ်။ ဆီးရီးယားနိုင်ငံထဲမှာလည်း လတ်တလော သီတင်းပတ်တွေအတွင်း အီရန် လိုလားတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အီရန်တပ်တွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး တိုက်ခိုက်မှုတွေကို အစ္စရေးက လုပ်တာလို့ ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူနေကြပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ ဆီးရီးယား-အီရတ်နယ်စပ်မှာ မွတ်စလင် ရှားဒန် အသတ်ခံရတယ်ဆိုတဲ့ သတင်းနဲ့ သက်ဆိုင်တဲ့ ဘယ်လို သတင်းမှ မရသေးဘူးလို့ ပြောဆို ငြင်းဆန်ပါတယ်။ သတင်းမရသေးတာတွေကို ငြင်းပေမဲ့ နျူကလီးယား သိပ္ပံပညာရှင် မိုဆင် ဖှာခရီဇာဒါကို သတ်တဲ့လူတွေကို လက်စားချေမယ်လို့ သူက ကတိပြုပါတယ်။  အရင်အပတ်ကတော့ အီရန်အစိုးရက ဆီးရီးယားနိုင်ငံထဲမှာ ပစ်ပြီးပြေးတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို အဆုံးသတ်မယ်လို့ သတိပေးခဲ့ပါတယ်။ ဂိုလန်ကုန်းမြင့်မှာ အီရန်က ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားပေမဲ့  မအောင်မြင်ခဲ့ကြောင်း ဒီလုပ်ရပ်ကို တုံ့ပြန်ဖို့ အစ္စရေးက အကြီးစား တိုက်ခိုက်မယ်လို့ အစ္စရေး အစိုးရက ပြောအပြီးမှာ အီရန်က တန်ပြန် ခြိမ်းခြောက်တာလည်း ဖြစ်ပါတယ်။   

A d v e r t i s e m e n t With Us

More News
Up