A d v e r t i s e m e n t With Us

ထိုင်းဝန်ကြီးချုပ် အပြစ်မရှိကြောင်း အခြေခံဥပဒေခုံရုံး ဆုံးဖြတ်

ထိုင်းနိုင်ငံက အတိုက်အခံ နိုင်ငံရေးသမားတွေက တရားစွဲထားတဲ့ အကျိုးစီးပွားပဋိပက္ခ ဖြစ်မှုနဲ့ ပတ်သက်ပြီး  ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာမှာ အပြစ်မရှိကြောင်း   ထိုင်းအခြေခံဥပဒေခုံရုံးက ဒီဇင်ဘာ ၂ ရက်မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ပရာယွတ်ဟာ စစ်တပ်ကနေ ၂၀၁၄ မှာ အငြိမ်းစား ယူခဲ့ပေမဲ့ စစ်တပ်က ပေးတဲ့ အိမ်ရာမှာ ဆက်နေနေလို့ အကျိုးစီးပွားပဋိပက္ခဖြစ်မှုနဲ့ တရားစွဲ ခံရတာပါ။ ပရာယွတ်ကတော့ လုံခြုံရေးအတွက် အဲ့ဒီမှာ ဆက်နေဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကာလမှာ ဗိုလ်ချုပ်ကြီးအတွက် အိမ်မှာ နေတာဟာ သင့်လျော်ပြီး ဝန်ကြီးချုပ်နဲ့ မိသားစုရဲ့ ဘေးကင်းရေးဟာ အစိုးရအတွက် ထိပ်တန်း ဦးစားပေးပဲလို့ အခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်ပါတယ်။ ပရာယွတ်မှာ အပြစ် မရှိကြောင်း ဆုံးဖြတ်ချက်ဟာ သူ့ အာဏာဆက်ရှိ နေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်နေပြီး ဒီဆုံးဖြတ်ချက်ဟာ ဘန်ကောက် ဆန္ဒပြသူတွေ ထင်ကြေးပေးထားတဲ့အတိုင်းပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ဖို့ ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက် မြို့တော်က လူအစည်ကားဆုံး လမ်းဆုံတွေဆီကို ချီတက် လာခဲ့ကြပါတယ်။ နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုရင်း အာဏာရှင်ကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် အလေးပြုပုံကိုလည်း ပြုမူခဲ့ကြပါတယ်။  ဇူလိုင်လကစတဲ့ ဆန္ဒပြပွဲတွေ အတွင်း ပရာယွတ် ရာထူးက ဆင်းပေးရေးကို တောင်းဆို နေတာ လချီ ကြာနေပြီး သူကတော့ တောင်းဆိုချက်ကို ပယ်ချ ထားပါတယ်။  နောက်ပိုင်းမှာတော့ တောင်းဆိုတဲ့အချက်တွေ ကျယ်ပြန့်လာပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြုပြင် ပြောင်းလဲရေးကိုပါ ဆန္ဒပြသူတွေက တောင်းဆို နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up