A d v e r t i s e m e n t With Us

သားဖြစ်သူကို အနှစ် ၃၀ ကြာ အကျဉ်းချထားသည့် ဆွီဒင်အမျိုးသမီး ဖမ်းဆီးခံရ

သားဖြစ်သူကို အနှစ် ၃၀ အကျဉ်းချထားမှု စွဲချက်နဲ့ အသက် ၇၀ အရွယ် ဆွီဒင် အမျိုးသမီးတစ်ယောက်ကို မြို့တော်စတော့ဟုမ်းမှာ ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးလိုက်ပါတယ်။ အမျိုးသားဟာ အသက် ၄၀ ကျော်အရွယ်ရှိပြီး သူ့ကို ဆွေမျိုးတစ်ယောက်က အိမ်ထဲမှာ တနင်္ဂနွေနေ့က တွေ့ခဲ့တာလို့ စတော့ဟုမ်းမြို့ အစိုးရ ရှေ့နေ အမ်မာအော့လ်ဆန်က ပြောပါတယ်။ သားဖြစ်သူ ဓားစာခံကို အခု ဆေးရုံတင်ထားရပြီး ခွဲစိတ်ကုသမှု ခံယူဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။ အမျိုးသားဟာ သွားတချောင်းမှ မရှိဘဲ စကားလည်း မပြောနိုင်သလို တခြားဒဏ်ရာတွေ လည်း ရှိနေကာ သူဟာ အသက် ၁၂ နှစ်ကစပြီး ကျောင်းထုတ်ခံရတယ်လို့ ဆွီဒင် သတင်းစာက ဆိုပါတယ်။  စတော့ဟုမ်းမြို့တော်တောင်ပိုင်း၊ ဟန်ဂျင်းခရိုင်က အပုပ်နံ့ နံနေပြီး ဆီးတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေ ဖုံးနေတဲ့အိမ်မှာ အမျိုးသားကို တွေ့ခဲ့ပြီး ဆေးရုံဝန်ထမ်းက ရဲကို အကြောင်းကြားအပြီးမှာတော့ တိုက်ခန်းကို ပိတ်ကာထားလိုက်ပါတယ်။ “ဘယ်လောက်ကြာကြာ အကျဉ်းချထားတယ်ဆိုတာ သိဖို့ လုပ်နေတယ်။ ဒါပေမဲ့ အချိန် တော်တော် ကြာခဲ့ပြီးပြီ”လို့ ယူဆတယ်လို့ ရဲ ပြောခွင့်ရက ပြောပါတယ်။ အမျိုးသမီးဟာ သူ့သားကို ဘာကြောင့် အကျဉ်းချထားတယ်ဆိုတာ မသိရသေးပါဘူး။ အကျဉ်းချမှုနဲ့ ခန္ဓာကိုယ်ကို အပြင်းအထန် နာကျင်စေမှု စွဲချက်တွေကိုလည်း သူက ငြင်းဆိုထားတယ်လို့ စတော့ဟုမ်းမြို့ အစိုးရရှေ့နေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up