ဂျာမနီတွင် လူသွားလမ်းကို ကား ၁ စီး အရှိန်ဖြင့်ဝင်တိုက်၊ လူ ၄ ဦးထက်မနည်း သေဆုံး

Una calle bloqueada por la policía en Trier, Alemania, el 1 de diciembre de 2020. Dos personas murieron y varias resultaron heridas al entrar un automóvil en una zona peatonal. (Harald Tittel/dpa via AP)
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ထရီအာမြို့က လူသွားလမ်းဇုန်ထဲကို ဒီဇင်ဘာ ၁ ရက်က ကားတစီး အရှိန်နဲ့မောင်းဝင်ပြီး တိုက်ခဲ့လို့ ကလေး တစ်ယောက်အပါအဝင် လူ လေးယောက်ထက်မနည်း သေဆုံးပြီး  ၁၅ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ယာဉ်မောင်းသူဟာ အဲဒီဒေသခံ အသက် ၅၁ နှစ်အရွယ် ဂျာမန်အမျိုးသား ဖြစ်ပြီး သူ့ကို အခင်းဖြစ်ရာနေရာမှာတင် ဖမ်းဆီးခဲ့ပြီး ကားကို တရားဝင်သိမ်းယူခဲ့တယ်လို့ ဒေသခံရဲက ပြောပါတယ်။ သူ့လုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကို မသိရသေးလို့ စစ်ဆေး မေးမြန်းနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အစိုးရရှေ့နေက “သူဟာ စိတ်ဝေဒနာခံစားနေရပုံ ပေါ်တယ်။ ကားတိုက်မိချိန်မှာ သူဟာ အရက်မူးနေတယ်လို့”လည်း  သတင်းထောက်တွေကို  ပြောပါတယ်။ သူ့ကို စိတ်ရောဂါဆိုင်ရာ စောင့်ရှောက်ကုသမှုအောက်မှာ ထားဖို့ တောင်းဆိုချက်ကို အစိုးရ ရှေ့နေတွေက စဉ်းစားပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up