A d v e r t i s e m e n t With Us

လူမျိုးရေးခွဲခြားမှု ဖြစ်စေနိုင်သည့်စာသား အင်စတာဂရမ်၌ တင်ခဲ့သည့်အပေါ် ကာဗာနီ တောင်းပန်

မန်ယူတိုက်စစ်မှူး ကာဗာနီဟာ အင်စတာဂရမ်မှာ လူမျိုးရေး ခွဲခြားမှုဖြစ်စေနိုင်တဲ့ စာသား တင်ခဲ့တဲ့အပေါ် တောင်းပန်စကား ဆိုလိုက်ပါတယ်။ ကာဗာနီဟာ ဆောက်သမ်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့အပေါ်မှာ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေရခဲ့တာပါ။ အဲဒီထဲမှာ သူ့ရဲ့ မိတ်ဆွေတစ်ဦးကလည်း ဂုဏ်ပြုချီးကျူးခဲ့ပြီး ကျေးဇူးတင်ကြောင်း ပြောတဲ့အနေနဲ့ ဂရားဆီယက် နီဂရီတို ဆိုတဲ့ စာသား တင်ခဲ့တာပါ။  အဲဒီစကားလုံးက Thanks Black လို့ ဆိုလိုပြီး လူမည်းတွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရှိတဲ့ စကားလုံး ဖြစ်နေတာကြောင့် အက်ဖ်အေက စုံစမ်း စစ်ဆေးဖို့ ရှိနေတာပါ။  အဲဒီစာသားဟာ မိတ်ဆွေတစ်ဦးကို ပြန်လည်ကျေးဇူးတင်ကြောင်း ပြောခဲ့တာသာဖြစ်ပြီး ဘယ်လို ရည်ရွယ်ချက်မှမရှိကြောင်း ကာဗာနီက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ကာဗာနီဟာ သူတင်ခဲ့တဲ့ ပို့စ်ကို နာရီအနည်းငယ်အကြာမှာ ပြန်ဖျက်သွားခဲ့ပြီး လက်ရှိ အချိန်မှာတော့ လူသိရှင်ကြား တောင်းပန်စကားဆိုခဲ့တာပါ။  အက်ဖ်အေဘက်က စွဲချက်တင်မလား မသိရသေးပေမယ့် အရေးယူခံရရင်တော့ ကာဗာနီ အနေနဲ့ ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up