အာဆင်နယ် တိုက်စစ်ပြဿနာကို အိုဇေးလ်က ဖြေရှင်းပေးနိုင်ဟု ဝဲလ်ရှိုင်းယား သုံးသပ်

359
အာဆင်နယ်အသင်းရဲ့ တိုက်စစ် ဂိုးမသွင်းနိုင်ဖြစ်နေသည့် ပြဿနာကို ကွင်းလယ်လူ အိုဇေးလ်က ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဂျက်ဝဲလ်ရှိုင်းယားက ပြောပါတယ်။
အိုဇေးလ်ဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေတာကြောင့် ကစားခွင့်ရမယ့် လူစာရင်းမှာတောင် ထည့်သွင်းရွေးချယ်ခြင်း မရှိခဲ့တာပါ။ အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ဝဲလ်ရှိုင်းယားကတော့ အာဆင်နယ်အသင်း တိုက်စစ်ပိုင်းက အခက်အခဲကို အိုဇေးလ်က ဖြေရှင်းပေးနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အောက်တိုဘာလဆန်းကနေ လက်ရှိအချိန်အထိ Open Play ကနေ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အိုဇေးလ်က အသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်ပြီး ဘောလုံးလက်ခံရယူပြီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ဆီကို အကောင်းဆုံးဖန်တီးမှုတွေ လုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ ဝဲလ်ရှိုင်းယားက ပြောပါတယ်။
အသင်းနဲ့ ပြဿနာကို သေချာမသိပေမယ့် တစ်ချိန်မှာ အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဝဲလ်ရှိုင်းယားက ပြောပါတယ်။
၂၀၁၈ ခုနှစ်က အာဆင်နယ်ကနေ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဝဲလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။