မန္တလေးတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံး
DVB
·
December 2, 2020
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦး ကိုဗစ်-၁၉ ရောဂါနဲ့ ဒီဇင်ဘာ ၁ ရက်နေ့က သေဆုံးသွားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောပါတယ်။
အသက် ၄၄ နှစ်အရွယ် ရဲတပ်ကြပ်မှာ ဆီးချိုရောဂါ အခံရှိပြီး နိုဝင်ဘာ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာကြောင့် ဧရာဝတီစင်တာမှာ ဆေးကုဖို့ တက်ရောက်နေသူ ဖြစ်ပါတယ်။
သေဆုံးသူကို ပရဟိတမင်းခေါင်အဖွဲ့က သယ်ဆောင်ပြီး ကိုဗစ်-၁၉ ရောဂါစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ သင်္ဂြိုလ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်တဲ့အချိန်ကတည်းကနေ နိုဝင်ဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၅၄ ဦးရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း - နိုင်လင်းဦး၊ ဓာတ်ပုံ- ပရဟိတမင်းခေါင်