ထိုင်းနိုင်ငံ မယ်ဆိုင်တွင် ဘတ်သန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

ဓာတ်ပုံ - maesainewsonline
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဘတ် သန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ သန်းလောက်နဲ့အတူ သံသယဖြစ်ဖွယ် လူ ၄ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ၀န်ကြီးချုပ်အကြံပေးလည်းဖြစ်တဲ့ ရဲချုပ် ပရီယူပန် ဒါမာပွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ [caption id="attachment_42686" align="alignright" width="300" caption="ဓာတ်ပုံ - maesainewsonline"][/caption] မယ်ဆိုင်မြို့နယ် ပွန်ငမ်ရပ်ကွက်က ဘန်သမ်ပလာ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့က ဩဂုတ် ၁၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ နစ်ဆန်းပစ်ကပ်ကားကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့တာလို့ ရဲချုပ်က ဆိုပါတယ်။ အစပိုင်းရှာဖွေမှုမှာ မသင်္ကာစရာပစ္စည်း မတွေ့ရှိရပေမယ့် ကားပေါ်ပါလာသူတွေကို သံသယဖြစ်ခဲ့တာကြောင့် ကားနဲ့ လူ ၂ ယောက်ကို ထိန်းသိမ်းခဲ့တာပါ။ ကားမောင်းသူဟာ သူ့ဆီဝင်လာတဲ့ ဖုန်းခေါ်မှုတွေကိုလည်း ပြန်မဖြေဆိုခဲ့ဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က နောက် သိပ်မကြာခင်မှာ လိုက်လာတဲ့ တိုယိုတာဗီဂို ကားကိုလည်း ရပ်ခိုင်းပြီး ရှာဖွေရာမှာ ကားခေါင်မိုးပေါ်မှာ အကန့်အတုလုပ်ပြီး ၀ှက်ထားတဲ့ မက်သာအက်ဖက်တမင်း အလုံးရေ ၉၅၈ ၀၀၀ လုံး တွေ့ရှိခဲ့လို့ အဲဒီကား ၂ စီးနဲ့ လူ ၄ ဦးကို ဖမ်းဆီးခဲ့တာပါ။ ဒီလူတွေဟာ မယ်ဆိုင်မြို့နယ် ဘန်ဖာမိကနေ ဆေးလုံးတွေ သယ်ပြီး ဆမွတ်ပရာကန်ခရိုင်က ဖောက်သည်တဦးဆီ ဖြန့်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ်နွန် အာဆာဗာကူလ် ဦးစီးတယ်လို့ ယူဆရတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်ကနေ သူတို့ကို ဘတ် ၁ သန်းနဲ့ ငှားရမ်းခဲ့တယ်လို့ ထွက်ဆိုကြကြောင်း ရဲချုပ် ပရီယူပန်က ပြောပါတယ်။

More News
Up