A d v e r t i s e m e n t With Us

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီးအဖြစ်ခန့်အပ်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဟောက်ဒိုဆွမ်းကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ ၊ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်တွေအရ ခန့်အပ်တာဝန်ပေးတာလို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။
ဦးဟောက်ဒိုဆွမ်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့် သံအမတ်ကြီးတစ်ဦးဖြစ်ပါတယ်။ လက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးကတော့  ဦးကျော်တင်ဖြစ်ပါတယ်။
PHOTO-MOFA

A d v e r t i s e m e n t With Us

More News
Up