Live
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၂၂၇ ဦးတွင် ရန်ကုန်  ၅၆၅ ဦးဖြင့် အများဆုံးတွေ့ရှိ၊ အနံ့မရရှိသူ ၁၄၈ ဦးပါဝင်
DVB
·
December 1, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၅၆၅ ယောက်၊ မန္တလေးတိုင်းက ၁၄၇ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံက ၅၅ ယောက်၊  ရွှေပြည်သာက အယောက် ၅၀၊ တာမွေက ၄၆ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၄ ခုမှာ ၁၄၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၆ ခုမှာ ၁၃၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၆၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၁၀ ခုမှာ ၁၃၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၀ ခုမှာ ၃၅ ယောက်၊ နေပြည်တော် မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၁၇ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၀  ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၃၆ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၆ ခုမှာ ၃၉ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၅ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၃ ခုမှာ ၈ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၄၈ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၀,၇၁၃ ယောက်၊ သေဆုံးသူ ၁,၉၄၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၀,၁၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄၇ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024