A d v e r t i s e m e n t With Us

ဦးခေါင်းခွံ ခွဲစိတ်ကုသခဲ့ရတဲ့ ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ် အခြေအနေပြန်ကောင်းလာ

အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ခေါင်းယှဉ်တိုက်ရာမှာ ဦးခေါင်းခွံအက်သွားလို့ ခွဲစိတ်ကုသခဲ့ရတဲ့ ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်ရဲ့ အခြေအနေ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ အီမရိတ်ကွင်းမှာ အာဆင်နယ်အသင်း ဆေးအဖွဲ့က အရေးပေါ်ကုသခဲ့ရပြီး အောက်ဆီဂျင်ပါ ပေးခဲ့ရတာပါ။ အဲဒီလိုဖြစ်ဖြစ်ချင်းမှာပဲ လန်ဒန်ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ပြီး ပြန်လည်သက်သာလာပြီလို့ ဝုဗ်အသင်းက သတင်းထုတ်ပြန်ပါတယ်။  ဂျင်မီနက်ဇ်နဲ့ ခေါင်းချင်းယှဉ်တိုက်ခဲ့တဲ့ ဒေးဗစ်လုဇ်ကတော့ ဒဏ်ရာမပြင်းထန်ပေမဲ့လည်း ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရပါတယ်။ ဂျီမီနက်ဇ်အနေနဲ့ သူ့ရဲ့အဖော်ဖြစ်သူ ဒယ်နီလာနဲ့အတူ အနားယူနေပြီး ရက်အနည်းငယ် အတွင်းမှာ ဒဏ်ရာကို စောင့်ကြည့်ပြီးမှာ ဘယ်လောက် အချိန်ယူ ကုသရမလဲ ဆိုတာ သိရမယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  အသက် ၂၉ နှစ်ရှိ မက္ကဆီကိုတိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ မနှစ်က ဝုဗ်အတွက် ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up