A d v e r t i s e m e n t With Us

သီရိလင်္ကာအကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပြီး ထောင်သား ၈ ဦးထက်မနည်း သေဆုံး

သီရိလင်္ကာနိုင်ငံထဲက အကျဉ်းထောင်တခုအတွင်း နိုဝင်ဘာ ၃၀ရက်က အဓိကရုဏ်းဖြစ်လို့ ထောင်သား ၈ ဦးထက် မနည်း သေဆုံးပြီး အယောက် ၅၀ ကျော်  ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ လူတွေ ကြပ်ညပ်နေတဲ့ ထောင်အတွင်း ကပ်ဘေးနဲ့ ပတ်သက်တဲ့ မကျေနပ်ချက်တွေကြောင့် အကြမ်းဖက်မှုဖို့ ကြိုးစားခဲ့တာပါ။ လတ်တလော သီတင်းပတ်တွေအတွင်း သီရိလင်္ကာနိုင်ငံထဲက ထောင်တချို့မှာ ထောင်သားတွေက ရဲတွေကို ဆန့်ကျင် ဆန္ဒပြလို့ မတည်ငြိမ်မှု တိုးနေခဲ့တာပါ။  ထောင်သားတွေက ကိုဗစ်-၁၉  ကပ်ရောဂါ ကူးစက်ခံ ထောင်သားတွေ အတွက် သီးခြားခွဲထားတဲ့ နေရာသစ်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် စမ်းသပ်မှုတွေ တိုးလုပ်ပေးဖို့ တောင်းဆိုနေခဲ့ကြပါတယ်။ ကိုလံဘိုမြို့တော် မြောက်ဘက် ၁၀ မိုင်အကွာက မဟာရာထောင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေ နိုဝင်ဘာ ၂၉ ရက်က စခဲ့တာပါ။ ရောဂါကူးစက်ခံ ထောင်သားတွေကို တခြားထောင်တွေကနေ ဒီထောင်ထဲ ရွှေ့လာတာကို ထောင်သားတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ခုတော့ သီရိလင်္ကာ နိုင်ငံထဲက ထောင်အားလုံးမှာ လုံခြုံရေး အားဖြည့်ထားပြီး အစောင့်တွေကို ကူညီဖို့ နောက်ထပ် ရဲတွေရာနဲ့ချီ တပ်ချထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အရင်လကတည်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံဦးရေ မြင့်တက်ခဲ့တာဖြစ်ပြီး နိုင်ငံအနှံ့ရှိ လူတွေ ကြပ်ညပ်နေတဲ့ ထောင်တွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ဦးရေ ထောင်ချီရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up