A d v e r t i s e m e n t With Us

စပါးအသင်းက ချန်ပီယံပြေးလမ်းအပြင်ဘက်က မြင်းပုလေးသာဖြစ်ဟု မော်ရင်ဟိုပြော

စပါးအသင်းဟာ အမှတ်ပေးဇယားမှာ ဦးဆောင်နေပေမယ့် ချန်ပီယံပြေးလမ်းမှာ မရှိတဲ့ မြင်းပုလေးတစ်ကောင် သာဖြစ်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ စပါးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့်လည်း လီဗာပူးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၁ နေရာ မှာရပ်တည်နိုင်ခဲ့ပါတယ်။  ပရီးမီးယားလိဂ်ချန်ပီယံ ပြေးလမ်းမှာ စပါးအသင်းက ပြိုင်မြင်းတစ်ကောင် မဟုတ်ဘဲ ငယ်ရွယ်တဲ့ မြင်းပုလေးတစ်ကောင်သာ ဖြစ်တယ်လို့ ချဲလ်ဆီးနဲ့ ပွဲအပြီးမှာ မော်ရင်ဟိုက နှိမ့်ချပြောခဲ့တာပါ။ ချဲလ်ဆီးအသင်းကိုတော့ ချီးကျူးပြောကြားခဲ့ပြီး လီဗာပူးနဲ့ ၂ မှတ် ကွာနေပေမယ့် ချဲလ်ဆီးအသင်းနဲ့ နည်းပြလမ်းပတ်အတွက် ပြဿနာမဟုတ်ကြောင်း၊ လူစာရင်း တောင့်တင်းမှု ရှိသလို တော့တင်ဟမ်ဟော့စပါးဟာလည်း ဆုဖလားစိန်ခေါ်နိုင်မယ့်အသင်း မဟုတ်ဘူးဆိုတာ ချဲလ်ဆီးအသင်းသားတွေ သိတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ နည်းပြလမ်းပတ်ကတော့ မော်ရင်ညိုက သူ မြင်တာပြောပေမယ့် ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင် လို ကစားသမားတွေရှိတဲ့အသင်းက ချန်ပီယံပြေးလမ်းမှာ အမြဲရှိလိမ့်မယ်လို့ ပြန်လည် ချီးကျူးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up