A d v e r t i s e m e n t With Us

တွစ်တာပေါ် တင်ခဲ့သည့် ဓာတ်ပုံအတုကိစ္စကို တရုတ် ပြန်တောင်းပန်ရန် ဩစတြေးလျ တောင်းဆို

တရုတ်အရာရှိတယောက်က သြစတြေးလျ စစ်သားတယောက်ရဲ့ ဓာတ်ပုံအတုကို တွစ်တာ လူမှုကွန်ရက်ပေါ် တင်ခဲ့တာဟာ တကယ့်ကို မနှစ်မြို့စရာပဲလို့ သြစတြေးလျ ဝန်ကြီးချုပ်က နိုဝင်ဘာ ၃၀ မှာ ပြောလိုက်ပါတယ်။  နှစ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းနေတဲ့အချိန်မှာ အဲဒီဓာတ်ပုံကို တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြန်ဖြုတ်ချဖို့ သြစတြေးလျ အစိုးရက တောင်းဆိုနေပါတယ်။ သြစတြေးလျ စစ်သားက အာဖဂန် ကလေးငယ်ရဲ့ လည်ပင်းနားမှာ ဓားကို ကိုင်ထားပုံပေါ်တဲ့ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာပေါ်တင်တဲ့ကိစ္စကို ပြစ်တင်ရှုတ်ချဖို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သတင်းစာရှင်းလင်းပွဲကနေ ဆော်သြပါတယ်။ တရုတ်ပြည်မကြီး အစိုးရက ဒီကိစ္စအတွက် တောင်းပန်ဖို့ သြစတြေးလျ အစိုးရက တောင်းဆိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်း တနင်္လာနေ့က တွစ်တာပေါ်မှာ တင်ခဲ့တဲ့ ဓာတ်ပုံကို ဖြုတ်ချဖို့ တွစ်တာ နိုင်ငံတကာ ကော်ပိုရေးရှင်းကို သြစတြေးလျ အစိုးရက တောင်းဆိုခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်တဲ့နေရာကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ သြစတြေးလျ အစိုးရက တောင်းဆိုခဲ့ချိန်ကတည်းက တရုတ်ပြည်မကြီး အစိုးရနဲ့ သြစတြေးလျ အစိုးရတို့ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာလည်း သြစတြေးလျ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ အမျိုးသားလုံခြုံရေးနဲ့ လူ့အခွင့်အရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး နစ်နာမှုစာရင်းကို ထောက်ပြရင်း အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ သြစတြေးလျ အစိုးရဟာ လုပ်ရပ်တွေကို ပြင်ဖို့ လိုတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up