Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၅၀၉ ဦးတွင် ရန်ကုန် ၉၁၂ ဦး၊ မန္တလေးတိုင်းက ၃၀၁ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
November 30, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၀၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက အယောက် ၉၁၂ ယောက်၊ မန္တလေးတိုင်းက ၃၀၁ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံနဲ့ လှိုင်သာယာက ၆၈ ယောက်စီ၊ အရှေ့ဒဂုံက ၅၈ ယောက်၊ အင်းစိန် ၅၄ ယောက်၊ တောင်ဒဂုံ ၅၃ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၀ ခုပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၃၀၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၀ မှာ ၉၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၈၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၁၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၅ ယောက်၊ နေပြည်တော် မြို့နယ် ၄ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုမှာ ၁၂ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ၇ ယောက်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ၁ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၇ ခုမှာ ၃၇ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၇ ယောက်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၇၈ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၉,၄၈၆ ယောက်၊ သေဆုံးသူ ၁,၉၁၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၈,၉၁၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၃ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024