Homeမြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၅၀၉ ဦးတွင် ရန်ကုန် ၉၁၂ ဦး၊ မန္တလေးတိုင်းက ၃၀၁ ဦးဖြင့် အများဆုံးတွေ့ရှိ
ကိုဗစ်လူနာသစ် ၁,၅၀၉ ဦးတွင် ရန်ကုန် ၉၁၂ ဦး၊ မန္တလေးတိုင်းက ၃၀၁ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
November 30, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၀၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက အယောက် ၉၁၂ ယောက်၊ မန္တလေးတိုင်းက ၃၀၁ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံနဲ့ လှိုင်သာယာက ၆၈ ယောက်စီ၊ အရှေ့ဒဂုံက ၅၈ ယောက်၊ အင်းစိန် ၅၄ ယောက်၊ တောင်ဒဂုံ ၅၃ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၀ ခုပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၃၀၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၀ မှာ ၉၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၈၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၁၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၅ ယောက်၊ နေပြည်တော် မြို့နယ် ၄ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုမှာ ၁၂ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ၇ ယောက်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ၁ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၇ ခုမှာ ၃၇ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၇ ယောက်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၇၈ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၉,၄၈၆ ယောက်၊ သေဆုံးသူ ၁,၉၁၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၈,၉၁၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၃ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။