Home
မြန်မာသတင်း
Live လွှင့်ပြီး ငွေစက္ကူမီးရှို့ဖျက်ဆီးသူ ၂ ဦးကို အရေးယူမည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
November 30, 2020
နိုင်ငံတော်က ထုတ်ဝေထားတဲ့ ငွေစက္ကူအား Live လွှင့်ပြီး မီးရှို့ဖျက်ဆီးသူ ၂ ဦးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ ဖော်ထုတ်အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီခန့်လောက် Biggest Shopping & Retail Page မှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က Live လွှင့်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ထုတ်လုပ်ထားတဲ့ မြန်မာကျပ်ငွေ ငါးထောင်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ ပြမှုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်တာ၊ ဆုတ်ဖြဲတာ (သို့) အခြား တစ်နည်းနည်းနဲ့ ပုံသဏ္ဌာန် ပျက်ယွင်းအောင် မပြုလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ထားတာကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Biggest Shopping & Retail Page မှ Live လွှင့်ပြီး မီးရှို့ပြသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနဲ့ ဇနီးတို့ဖြစ်ကြောင်း သိရှိရတာကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ နဲံ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024