မန်ယူနိုက်တက် ကစားပုံဟာ ကြည့်ရတဲ့လူတွေကို အသက်တိုစေလိမ့်မယ် – ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက် ကစားပုံဟာ ကြည့်ရတဲ့လူတွေကို အသက်တိုစေလိမ့်မယ်လို့ ဂန္ထဝင်ကစားသမားကြီး ရွိုင်ကိန်းက မှတ်ချက်ပြုပါတယ်။  ယူနိုက်တက်အသင်းဟာ အခုရာသီမှာ ခြေစွမ်းအတက်ကျကြမ်းနေတယ်လို့ ယူဆရမှာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုကြပ်မှာ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဆိုးလ်ရှားရဲ့အသင်းသားတွေဟာ ပုံမှန်ခြေစွမ်းကို ထိန်သိမ်းထားဖို့ ရုန်းကန်နေရပါတယ်။ ဝက်စ်ဘရွန်းအသင်းကို ပြီးခဲ့တဲ့အပတ် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာက သူတို့ရဲ့ဒီရာသီ ပထမဆုံး အိမ်ကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲစဉ်မှာတော့ ပထမပိုင်းမှာ သိသိသာသာခြေစွမ်းဆိုးရွားခဲ့ပါတယ်။  ဂရင်းဝုဒ်နဲ့ ဖာနန်ဒက်စ်တို့က အဖိုးတန်ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့ကာ တခြား တစ်ဖက်မှာတော့ ပြိုင်ဘက် ဆောက်သမ်တန်အသင်းက set-pieces တွေက ဂိုးတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျန်ဘတ်နာရတ်က ဝက်ဒ်ပရောက်ရဲ့ ထောင့်ကန်ဘောကနေ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဝက်ဒ်ပရောက် ကိုယ်တိုင်ကလည်း ပြစ်ဒဏ်ဘောကနေ ဒုတိယဂိုးရယူပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ပထမပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ရွိုင်ကိန်းက ဆိုးလ်ရှားအသင်းရဲ့ ကစားပုံဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။  “ယူနိုက်တက်အသင်းက အခွင့်အရေးတွေရရှိခဲ့ပါတယ်။ ယူနိုက်တက်ပွဲကို ကြည့်တာဟာ ခင်ဗျားရဲ့ကျန်းမာရေးအတွက် ကျန်းမာမဟုတ်ပါဘူး။ သူတို့က ပြိုင်ဘက်ရဲ့ သွင်းဂိုး ၂ ဂိုးကို ဆိုးဆိုးရွားရွားခွင့်ပြုပေးလိုက်ပြီး နောက်ပိုင်းမှာမှ ချေပဂိုးတွေရော၊ အနိုင်ဂိုးတွေရော ပြန်သွင်းခဲ့ပါတယ်။ ပရိသတ်တွေအတွက် အဓိကပြသနာက အသင်းက ဘာလုပ်တော့ မှာလဲဆိုတာကို ကြိုမသိနိုင်တာပါပဲ။ ပွဲမတိုင်ခင် ဆိုးလ်ရှားနဲ့ဒီဂီယာတို့က အသင်းမှာ တည်ငြိမ်မှုလိုအပ်နေပြီလို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ပွဲမှာတော့ သူတို့ဒါကို မရှာဖွေနိုင်ခဲ့ပါဘူး” လို့ ကိန်းက Sky Sports ကို ပြောခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ဒူးဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ ဒန်းဟန်ဒါဆင်နဲ့ လူစားလဲခဲ့ရပါတယ်။  ရွိုင်ကိန်းဟာ အရင်တုန်းက ဒီဂီယာရဲ့လက်စွမ်းနဲ့ပတ်သက်လို့ ဝေဖန်ခဲ့သူဖြစ်ပေမယ့် ဒီပွဲမှာတော့ ဝက်ဒ်ပရောက်ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို မကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာကို အပြစ်တင်ခဲ့ခြင်းမရှိဘဲ အဲဒီအစား ပြစ်ဒဏ်ဘောဖြစ်စေခဲ့တဲ့ ဖရက်ဒ်ကိုပဲ အပြစ်တင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up