အသင်း၏အဓိကပြဿနာက ခြေစွမ်းမတည်ငြိမ်ခြင်းဖြစ်ဟု ရီးရဲလ်နည်းပြ သုံးသပ်

337
ရီးရဲလ်မက်ဒရစ်အသင်း ကြုံတွေ့နေရတဲ့ ပြဿနာက ခြေစွမ်းတည်ငြိမ်မှု မရှိသေးတာလို့ နည်းပြဇီဒန်းက ပြောပါတယ်။
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ချန်ပီယံလိဂ်မှာ အင်တာ မီလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် လာလီဂါပွဲစဉ်မှာတော့ အလာဗက်စ်ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ပွဲအပြီးမှာတော့ လက်ရှိအသင်းရဲ့ ပြဿနာက ခြေစွမ်းကောင်းကို တသမတ်တည်း ထိန်းထားနိုင်စွမ်းမရှိတာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေ များနေတာကလည်း အချက်တချက်ဖြစ်တယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ တိုက်စစ်မှူးဘင်ဖီမာ၊ အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ဟာဇက်တို့က ဒဏ်ရာပြဿနာတွေကြောင့် အလာဗက်စ်နဲ့ ပွဲကို လွဲချော်ခဲ့ကြတာပါ။
အသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှုမရှိတာကို အမြန်ဆုံးပြင်ဆင်သွားရမှာဖြစ်ပြီး ရှက်တာဒိုးနက်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းရဖို့ မျှော်လင့်ကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။