Live
Home
မြန်မာသတင်း
လေဖိအား နည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
November 29, 2020
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအား နည်းရပ်ဝန်း နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုဇလက ဒီနေ့ညနေ ၄ နာရီ ထုတ်ပြန်ပါတယ်။ မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၂ ရက်နေ့ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်း‌ခြေအနီး ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်နဲံ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာမယ်လို့ ခန့်မှန်းပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေဟာ တစ်နာရီ လျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေမှ ၉ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024