Homeသတင်းဓာတ်ပုံ
မီးပုံးပျံ ဦးကျော်ရင်ကို ဂုဏ်ပြုသည့်အနေဖြင့် ပုံတူပန်းချီရုပ်တုတို့ ချိတ်ဆွဲပြီး မီးပုံးပျံလွှတ်တင် (ဓာတ်ပုံ)
မီးပုံးပျံ ဦးကျော်ရင်ကို ဂုဏ်ပြုသည့်အနေဖြင့် ပုံတူပန်းချီရုပ်တုတို့ ချိတ်ဆွဲပြီး မီးပုံးပျံလွှတ်တင် (ဓာတ်ပုံ)
DVB
·
November 29, 2020
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပန္ဒလဲ ကျေးရွာမှာ မီးပုံးပျံဦးကျော်ရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ပုံတူ ပန်းချီ ရုပ်တုတွေချိတ်ဆွဲထားတဲ့ မီးပုံးပျံကို နိုဝင်ဘာ ၂၉ ရက်နေ့ မနက်မှာ လွှတ်တင်ခဲ့ပါတယ်။
မီးပုံးပျံလွှတ်တင်တာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီဖြစ်ပြီး လူရာနဲ့ချီ လာရောက်ကြည့်ရှုခဲ့ပါတယ်။
မီးပုံးပျံ ဦးကျော်ရင်ဟာ ပန္ဒလဲရွာသားဖြစ်တဲ့အတွက် သူ့ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်သလို တန်ဆောင်တိုင်အချိန်လည်း ဖြစ်တဲ့အတွက် မီးပုံးပျံလွှတ်တင်ဖို့ လုပ်ဆောင်ခဲ့တာလို့ စီစဉ်သူတွေက ဆိုပါတယ်။
မနှစ်က လွှတ်တင်တဲ့ မီးပုံးပျံက အခုမီးပုံးပျံထက် တစ်ဆခွဲ နှစ်ဆလောက်ထိ ကြီးခဲ့ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်အခြေအနေတွေကြောင့် အကျဉ်းချုပ်ပဲ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးပုံးပျံဦးကျော်ရင်ဟာ မီးပုံးပျံကို ပထမဦးဆုံးစီးပြခဲ့တဲ့ မြန်မာ့သူရဲကောင်းလည်းဖြစ်ပါတယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ထားဝယ်မြို့မှာ သူနေထိုင်ခဲ့တဲ့အိမ် လမ်းကို ဦးကျော်ရင်လမ်းဟု အမည်သတ်မှတ်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့လောက်ကလည်း ပန်းဒလဲကျေးရွာမှာ NLD တံဆိပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ မီးပုံးပျံတွေကိုလည်း အောင်ပွဲခံတဲ့အနေနဲ့ လွှတ်တင်ခဲ့ကြပါတယ်။
သတင်း - ကောင်းထက်အောင်