A d v e r t i s e m e n t With Us

ပြင်သစ်တွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်၊ ကားများကို မီးရှို့

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ ရဲတွေရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း နိုဝင်ဘာ ၂၈ ရက်က ကားတွေ မီးရှို့ခံရပါတယ်။ လမ်းတချို့ကို ပိတ်ဖို့ကြိုးစားရင်း ဆန္ဒပြသူတွေက လမ်းဘေးသုံး ပရိဘောဂတချို့ကို မီးရှို့ကာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အများသုံး သန့်စင်ခန်း ကားတစီးကိုလည်း မှောက်ပစ်ခဲ့ပါတယ်။ ပြင်သစ်တလွှား ထောင်ချီတဲ့ ဆန္ဒပြသူတွေက စာနယ်ဇင်း လွတ်လပ်ခွင့်ကို တောင်းဆိုခဲ့တာပါ။  လူမည်း ဂီတထုတ်လုပ်ရေးမှူး တယောက်ကို ရဲက ရိုက်နှက်နေတဲ့ ရုပ်သံ ပျံ့နှံ့ခဲ့ပါတယ်။ ရဲတွေရဲ့ ရက်စက်မှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ ဖော်ပြခွင့်ကို ကန့်သတ်ထိန်းချုပ်ထားတယ်ဆိုတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်တင်ချိန်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။  သတင်းထောက်များ အသင်းတွေနဲ့ အရပ်ဘက် လွတ်လပ်ခွင့်အုပ်စုတွေက ချီတက်ပွဲကို စီစဉ်ခဲ့ကြပြီး yellow vest ဝတ်စုံဝါဝတ်ဆန္ဒပြသူတွေ၊ သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲတွေကို ပူးပေါင်းခဲ့ကြတာပါ။ အစိုးရ မူဝါဒတွေကို ၂ နှစ်လောက် ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ဝတ်စုံဝါဝတ် ဆန္ဒပြပွဲတွေအတွင်း ရဲတွေနဲ့ တိုက်ခိုက်ပြီး ပြတင်းမှန်တွေကို လိုက်ခွဲခဲ့တဲ့ "black block" အုပ်စုတွေကလည်း ဆန္ဒပြပွဲ မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up