A d v e r t i s e m e n t With Us

စပိန် ကမ်းရိုးတန်းတွင် မူးယစ်ကုန်ကူးသူ ၅ ဦးနှင့် ဆေးခြောက် ၂ တန် ဖမ်းမိ

စပိန်နိုင်ငံ အရှေ့တောင်ပိုင်း ကာတာဂျီနာ ကမ်းရိုးတန်းနဲ့ ရေမိုင် ၁၀၀ အကွာ ကမ်းလွန်ပင်လယ်ပြင်မှာ မြန်နှုန်းမြင့်မော်တော်နဲ့ ထွက်ပြေးတဲ့ မူးယစ်ကုန်ကူး သံသယရှိသူ ၅ ယောက်နဲ့ အထုပ် ၆၆ ထုပ်ထဲမှာ ဝှက်ထားတဲ့ ဆေးခြောက် ၂ တန်ကို ဖမ်းမိ သိမ်းဆည်းခဲ့တယ်လို့ ရဲက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။ ဒီဆေးခြောက်တွေဟာ မော်ရိုကိုနိုင်ငံကနေ မှောင်ခိုသွင်းလာတာ ဖြစ်ပြီး စပိန်နိုင်ငံ ဗလန်စီယာမြို့ကို ပို့ဖို့ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ ရုပ်သံထဲမှာ မျက်နှာဖုံးတွေ ဝတ်ထားတဲ့ အမျိုးသားတွေက ဆေးခြောက်လို့ ယုံကြည်ရတဲ့ အိတ်တွေကို ရေထဲပစ်ချပြီး အရာရှိတွေကို လက်ဝှေ့ယမ်းပြနေတဲ့ ရုပ်သံကိုလည်း ရဲတွေက ပြခဲ့ပါတယ်။ သူတို့ရဲ့ စပိဘုတ်ကို အကောက်ခွန် ကင်းလှည့်လှေက ကြားဖြတ် ဟန့်တားအပြီး သံသယ ရှိသူတွေကို ဖမ်းမိခဲ့ပါတယ်။ မြေထဲပင်လယ်ထဲမှာ မြင်းကောင်ရေ ၃၀၀ အား အင်ဂျင်နှစ်လုံးတပ်ထားတဲ့ ၁၄ ပေ ရှည်တဲ့ စပိဘုတ်ကို ရဲရဟတ်ယာဉ်က တွေ့ပြီး လိုက်ဖမ်းခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းမိတာ ဖြစ်ပေမဲ့ ရဲတွေက အသေးစိတ် အချက်အလက်တွေကို နိုဝင်ဘာ ၂၈ ရက်မှ လူသိရှင်ကြား သတင်းထုတ်ပြန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up