လူစည်ကားသည့် နယူးဒေလီ ဈေးများတွင် ကိုဗစ်-၁၉ သတိပေး လံချားများ ထားရှိ
DVB
·
November 29, 2020
အိန္ဒိယနိုင်ငံရဲ့ မြို့တော်နယူးဒေလီက လမ်းပေါ်မှာ ဈေးဝယ်သူတွေ နိုဝင်ဘာ ၂၈ ရက်က ပြည့်ကျပ်နေပါတယ်။
နိုင်ငံတလွှားမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အရေအတွက် သိသိသာသာ တိုးနေတာပါ။ လူချင်းခွာနေဖို့၊ စည်းမျဥ်းတွေကို လေးစားဖို့နဲ့ ပါးစပ် နှာခေါင်းစည်းတွေ ဝတ်ကြဖို့ အရေးကြီးတဲ့ အကြောင်း စတဲ့ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့အချက်တွေ ပိုသတိထားမိအောင်၊ နယူးဒေလီက ဒေသန္တရ အာဏာပိုင်တွေက ဈေးတွေမှာ ဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်တွေ ဆင်ယင်ထားတဲ့ လံချားတွေကို စေလွှတ်ခဲ့ပါတယ်။
စနေနေ့ တရက်တည်းမှာ အသစ်ကူးစက်ခံ ၄၁,၃၂၂ ဦး ရှိပြီး တရက်တည်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၄၈၅ ဦး ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၃၉ သန်းနဲ့ သေဆုံးသူ ၁၃၆၀၀၀ ကျော်ရှိပြီး အမေရိကန်ပြီးနောက် ကိုဗစ်ကူးစက်ခံရမှဒ ဒုတိယဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။