A d v e r t i s e m e n t With Us

တိုက်ပွဲဖြစ်ဒေသက အရပ်သားများကို ကာကွယ်ပေးမည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ် ပြော

တိုက်ပွဲဖြစ်နေတဲ့ အီသီယိုးပီးယားမြောက်ပိုင်း တီဂရေးဒေသက အရပ်သားတွေကို ကာကွယ်ပေးသွားမယ်လို့ အာဖရိကသမဂ္ဂ (AU) သံတမန်တွေနဲ့ တွေ့ဆုံရာမှာ အီသီယိုးပီးယား ဝန်ကြီးချုပ် အက်ဘီအာမက်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အီသီယိုးပီးယား အစိုးရက တီဂရေးလွတ်မြောက်ရေးတပ်ဦး TPLF တပ်ဖွဲ့တွေကို လက်နက်ချဖို့ နိုဝင်ဘာ ၂၅ ရက်အထိ အချိန်ပေးထားပြီး တကယ်လို့ လက်နက်မချရင် တီဂရေးဒေသ မြို့တော်မက်ကဲကို သိမ်းပိုက်မယ်ဆိုပြီး ရာဇသံပေးထားပါတယ်။ ဒီအတွက် အရပ်သား သေဆုံးမှု အများအပြားကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအကြား စိုးရိမ်မှုတွေ မြင့်တက်စေပါတယ်။ အာဖရိကသမဂ္ဂ (AU) သံတမန်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ အီသီယိုးပီးယား ဝန်ကြီးချုပ်က တီဂရေးဒေသ အရပ်သားလုံခြုံရေးကို ကာကွယ်ပေးသွားမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up