A d v e r t i s e m e n t With Us

ဆိုမာလီတွင် အသေခံဗုံးခွဲမှုကြောင့် ၆ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ၊ မြို့တော်မိုဂါဒစ်ရှူးက ရေခဲမုန့်ဆိုင်တစ်ဆိုင်မှာ နိုဝင်ဘာ ၂၇ ရက်က အသေခံဗုံးခွဲမှု ဖြစ်ခဲ့ပြီး လူ ၆ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ပြန်ကြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဂျယ်လာတိုဒီဗင် ရေခဲမုန့်ဆိုင်ဟာ မြို့လယ်ကောင် K4 Junction အနီး တည်ရှိပါတယ်။  ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အယ်ရှာဘတ် သောင်းကျန်းသူအဖွဲ့ဟာ မြို့တော်နဲ့ တခြားနေရာတွေမှာ မကြာခဏ ဗုံးခွဲလေ့ရှိပါတယ်။ အယ်ရှာဘတ်အဖွဲ့ဟာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ မဟာမိတ်ပြုထားပြီး ဆိုမာလီနိုင်ငံကို တင်းကျပ်တဲ့ ရှီးယားဘာသာရေးဥပဒေနဲ့ အုပ်ချုပ်လိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up