A d v e r t i s e m e n t With Us

အီရတ်တွင် ဆန္ဒပြစခန်းကို ဘာသာရေးခေါင်းဆောင်ထောက်ခံသူများ ဝင်ရောက်တိုက်ခိုက်

အီရတ်တောင်ပိုင်း နာဆာရီယာမြို့မှာ ရှီးယိုက်ဘာသာရေးခေါင်းဆောင် မူတာဒါအယ်ဆာဒါကို ထောက်ခံသူတွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြစခန်းတစ်ခုကို  ဝင်စီးခဲ့တာကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။  ဘာသာရေးခေါင်းဆောင် အယ်ဆာဒါကို ထောက်ခံသူတွေက အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို  သေနတ်တွေနဲ့ပစ်ခတ်ပြီး ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။  အဲဒီအခါ ဆန္ဒပြသူတွေက တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဆန္ဒပြသူတွေဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံးသတင်းရင်းမြစ်တစ်ခုက ဆိုပြီး ပဋိပက္ခတွေ ဆက်ဖြစ်နေပါတယ်။ နိုဝင်ဘာ ၂၇ ရက်အစောပိုင်းမှာ ထောင်နဲ့ချီတဲ့ အယ်ဆာဒါ ထောက်ခံသူတွေက မြို့တော် ဘဂ္ဂဒက်ရှိ တဟီရာရင်ပြင်နဲ့ တခြားတောင်ပိုင်းပြည်နယ်တွေမှာ လာမယ့်ရွေးကောက်ပွဲအတွက်  သူတို့ခေါင်းဆောင်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ အီရတ်ပါလီမန်အတွင်း နေရာအများစုရထားတဲ့ ဆာဒါက သူရဲ့ပါတီဟာ လာမယ့်နှစ် ဇွန်လမှာ လုပ်မယ့် ပါလီမန်ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရမယ် မျှော်လင့်တယ်လို့ ပြောပါတယ်။  အမေရိကန်ရဲ့ ကာလရှည် ရန်သူတော်ဖြစ်တဲ့ ဆာဒါဟာ အီရတ်နိုင်ငံအတွင်း အီရန်ရဲ့ သြဇာကြီးမားမှုကိုလည်း ဆန့်ကျင်သူ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့မေလမှာ ဝန်ကြီးချုပ် ရာထူးရခဲ့တဲ့ မက်စ်တာဖာအယ်ခါဒီမီကတော့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီး ကတိပြုထားတယ်လို့ ရိုက်တာက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up