A d v e r t i s e m e n t With Us

၁ လကျော်ကြာ ကိုဗစ်-၁၉ ပိုးတွေ့လူနာကင်းစင်ခဲ့သည့် ဝိုင်းမော်မြို့တွင် လူနာသစ် ၂ ဦး တွေ့ရှိ

၁ လကျော်ကြာ ပိုးတွေ့လူနာကင်းစင်ခဲ့တဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက်နေ့က  ပိုးတွေ့လူနာ ၂ ဦး တွေ့ရှိခဲ့တယ်လို့ ဝိုင်းမော်မြို့နယ်ကုသရေးဦးစီးဌာနက သိရပါတယ်။ ဝိုင်းမော်မြို့မှာ တဦးတည်းသော ပိုးတွေ့လူနာအမှတ် ၂၈၈၁၆ အောက်တိုဘာ ၁၆ ရက်နေ့က ဆေးရုံဆင်းပြီးနောက် ပိုးတွေ့လူနာ မတွေ့တော့ဘဲ အခု ထပ်မံတွေ့ရှိတာပါ။ သက်ဆိုင်ရာကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားရှိတဲ့ ရန်ကုန်ပြန် အမျိုးသမီး ၁ ဦးနဲ့ ဖားကန့်ပြန် သားဖွားဆရာမ ၁ ဦးတို့ကို RDT test kit နဲ့စစ်ရာမှာ ပိုးမတွေ့ရှိခဲ့ဘဲ PCR နည်းနဲ့ပြန်စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာလို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က ပြောပါတယ်။ အဆိုပါပိုးတွေ့လူနာ နှစ်ဦးမှာ ပိုးတွေ့ရှိပေမဲ့ လက္ခဏာ တစုံတရာမပြဘဲ ကျန်းမာရေးကောင်းမွန်ကာ လက်ရှိ ဝိုင်းမော်ပြည်သူ့ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။ ထိတွေ့ခဲ့တဲ့ မိသားစု၀င်တွေနဲ့ နေအိမ်ကို လော့ဒေါင်းပြုလုပ်ထားပြီး ကနဦးကျန်းမာရေးစစ်ဆေးရာမှာ‌တော့ ပိုးမတွေ့ရှိသေးဘူးလို့ သိရပါတယ်။ နို၀င်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉၈ ဦးထိရှိကာ ၃၅ ဦးကတော့ ဆေးကုသနေဆဲ ဖြစ်ပါတယ်။ သတင်း - ဇုန်းကျန်း

A d v e r t i s e m e n t With Us

More News
Up