A d v e r t i s e m e n t With Us

ဒါဘီ အမြဲတမ်းနည်းပြဖြစ်လာပါက ကစားသမားဘဝက အနားယူမည်ဟု ဝိန်းရွန်းနီ အတည်ပြု

ဒါဘီအသင်းကို အမြဲတမ်းတာဝန်ယူခွင့်ရချိန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ဝိန်းရွန်းနီက ပြောပါတယ်။  ရွန်းနီဟာ နည်းပြ ဖိလစ်ကိုချု ထွက်ခွာသွားပြီးနောက် ဒါဘီယာယီ နည်းပြအဖြစ် ဆက်လက်တာဝန်ယူနေသူပါ။  ဘောလုံးလည်း ဆက်ကစားနေပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရချိန်မှာတော့ နည်းပြအလုပ်ကို ပိုမိုအာရုံစိုက်နိုင်ဖို့အတွက် ကစားသမားဘဝကနေ အနားယူ မယ်လို့ ရွန်းနီက ပြောပါတယ်။  ကစားသမားဘဝကနေ အနားယူမယ့် အစီအစဉ်က ဒီနှစ်ထဲမှာဖြစ်လာနိုင်ပြီး နည်းပြဘဝကို ပြောင်းလဲဖို့အတွက် ဒါဘီအသင်းဆီ ပြောင်းရွှေ့လာတာလို့ ရွန်းနီက ပြောပါတယ်။  ဒါဘီအသင်းနဲ့ နှစ်ရှည်စာချုပ်ဖြစ်ပါက နည်းပြအနေနဲ့ရော ပွဲကစားဖို့ပါ ဖြစ်နိုင်မယ်လို့ မခံစားရကြောင်းလည်း ရွန်းနီက အသိပေးခဲ့ပါတယ်။  ရွန်းနီရဲ့ ဒါဘီအသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၁၃ အပြီးမှာ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ အသက် ၃၅ နှစ်ရှိ ရွန်းနီဟာ အဲဗာတန်အသင်းနဲ့ ကစားသမားဘဝစတင်ခဲ့ပြီး မန်ယူ၊ ဒီစီယူနိုက်တက်အသင်းတွေမှာ ဆက်ကစားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up