A d v e r t i s e m e n t With Us

AstraZeneca ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၆ သန်းဝယ်ယူရန် ထိုင်း လက်မှတ်ထိုး

5449NO-HEALTH-CORONAVIRUS_THAILAND_VACCINES_ROUGH_CUT_O_
ထိုင်းနိုင်ငံရဲ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေး သဘောတူစာချုပ်အဖြစ် AstraZeneca ကုမ္ပဏီဆီက ကာကွယ်ဆေးလုံးရေ ၂၆ သန်း ဝယ်ယူဖို့ အစိုးရက နိုဝင်ဘာ ၂၇ ရက်မှာ လက်မှတ်ထိုးခဲ့ပါတယ်။  ဖိလစ်ပိုင်လို ဒေသတွင်း နိုင်ငံတွေက  AstraZeneca နဲ့ အလားတူ သဘောတူစာချုပ်တွေ လက်မှတ်ထိုးဖို့ ပြင်ဆင်နေချိန်မှာ ထိုင်းနိုင်ငံက ကြေညာခဲ့တာပါ။  AstraZeneca ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ အစွမ်းထက်မှု ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုပြိး ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။  ကာကွယ်ဆေး သိုလှောင်အပူချိန်ကလည်း ၂ ဒီကရီ ဆဲဆီးယပ်စ်ကနေ ၈ ဒီဂရီ ဆဲဆီးယပ်စ် ဖြစ်တာမို့ ထိုင်းနိုင်ငံ အပူချိန်နဲ့  သင့်တော်ပါတယ်။  အစောပိုင်းမှာ  လူဦးရေ ၁၃ သန်းအတွက် ကာကွယ်ဆေးအလုံးရေ  ၂၆ သန်း ဝယ်ယူဖို့  အမေရိကန် ဒေါ်လာ ၁၉၈ သန်းနဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၆ ဘီလီယံ ဘတ်ဂျက်ကို ထိုင်းအစိုးရက ခွင့်ပြုခဲ့ပါတယ်။  အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေးအင်အားကြီး ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ  စုစုပေါင်း ၃,၉၄၂ ယောက်၊ သေဆုံးသူ အယောက် ၆၀ နဲ့ ထိန်းထားပြီး ဖြစ်ပွားမှု  နည်းပါးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up