Homeမြန်မာသတင်း
ပြင်ဦးလွင်တွင် ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ
ပြင်ဦးလွင်တွင် ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ
DVB
·
November 27, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၈)၊ လားရှိုး-မန္တလေးသွားကားလမ်းမှာ သတင်းအရ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက် စိုင်းလျှန်းစိုင်းမောင်းနှင်ပြီး စိုင်းလိန်ဆိုင် လိုက်ပါလာတဲ့ FORD အမျိုးအစားမော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်ရဲ့ကိုယ်ထည်နဲ့ အင်ဂျင်ခန်း၊ စပါယ်ယာဘီးတို့မှာ ဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆၇,၀၀၀၀ ပြားသိမ်းဆည်းရမိခဲ့ပြီး စိုင်းလျှန်းစိုင်း (၁၈) နှစ်၊ စိုင်းလိန်ဆိုင် (၁၈) နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ မန္တလေးမြို့ကို သယ်ဆောင်မယ်လို့ သိရတာကြောင့် ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။