နယူးဇီလန်တွင် လွှတ်တော်သက်တမ်းသစ် ပြန်လည်စတင်

157
နယူးဇီလန်ရဲ့ ၅၃ ကြိမ်မြောက် ပါလီမန်သက်တမ်းကို နိုဝင်ဘာ ၂၆ ရက်က တရားဝင် ပြန်လည်စတင်လိုက်သလို နိုင်ငံရဲ့ အထွေပြားဆုံးအစိုးရ တာဝန်ကိုလည်း စတင်လိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ ပါလီမန်အမတ်တွေက တရားဝင်ကျမ်းသစ္စာဆိုခဲ့ပေမဲ့ ဒီနေ့ကတော့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန် ဒုတိယသက်တမ်း စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။
ပါလီမန်အမတ်နေရာ ၁၂၀ ရှိတဲ့အနက် အာဒန်ရဲ့လေဘာပါတီက ၆၅ နေရာ ရထားပြီး အတိုက်အခံ နေရှင်နယ်ပါတီကတော့ ၃၃ နေရာ ရထားပါတယ်။
နယူးဇီလန်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း ခန့်ရှိပြီး ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ မော်ရီပါတီကတော့ အမတ် ၂ နေရာ ရထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။