Home
မြန်မာသတင်း
ထားဝယ်မှ ထိုင်းနယ်စပ် ထီးခီးထိ လိုင်းကားများပြေးဆွဲနေပြီ
DVB
·
August 15, 2013
ထားဝယ်ကနေ မြန်မာ-ထိုင်းနယ်စပ် ထီးခီးဘက်အထိ ကားလမ်းပေါက်နေပြီဖြစ်ပြီး လိုင်းကားတွေပြေးဆွဲနေပြီ ဖြစ်ပါတယ်။ [caption id="attachment_39753" align="alignright" width="300" caption="မေလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ထီးခီးနယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း (ဓာတ်ပုံ - ကိုပိပိ)"][/caption] Road Link to Thiland ဆိုတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ထိုင်းနယ်စပ်အနားထိ ကားလမ်းဖောက်လုပ်တဲ့ စီမံကိန်းဟာ အခုဆိုရင် အကောင်အထည်ပေါ်နေပါပြီ။ ရေနက်ဆိပ်ကမ်းဧရိယာနားကနေ မြန်မာ-ထိုင်း နယ်စပ်ဖြစ်တဲ့  ထီးခီးအထိ ရွှေမင်းသမီးနဲ့ အာကာသ ဆိုတဲ့ ယာဉ်လိုင်းနှစ်ခု ပြေးဆွဲနေပြီး ထီးခီးအထိ လူ ၁ ဦး ကို ကျပ် ၂ သောင်းခွဲနဲ့ ၃ သောင်းအကြား ဈေးသတ်မှတ်ပြီး ပြေးဆွဲပေးနေတာပါ။ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ထီးခီးအထိ ကားမောင်းချိန် သုံးနာရီခွဲကနေ ငါးနာရီလောက်အထိ ကြာတတ်ပါတယ်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ခရီးချိန်ကွာခြားတတ်တာပါ။ မြန်မာဘက်အခြမ်း ထီးခီးကနေ ထိုင်းနိုင်ငံအပိုင် ကန်ချနာဘူရီ၊ ကန်ချနာဘူရီကနေ ဘန်ကောက်အထိ တပတ်ပတ်စပို့လုပ်ပြီး ဆက်သွားနိုင်တယ်လို့ ယာဉ်လိုင်းတွေဆီကနေသိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရွှေမင်းသမီးယာဉ်လိုင်းက တာဝန်ရှိသူဖြစ်တဲ့ ကိုဇော်မင်းအေးက “လောလောဆယ်တော့ လိုင်းကြေးတွေကို ကျနော်တို့ဘက်က ပေးရတာပေါ့။ လိုင်းကြေးကျတော့ ဘတ် ၂၀၀ လောက် ကရင်ငြိမ်းချမ်းရေးအဖွဲ့ကို ပေးရတာပါ။ လက်ရှိ လောလောဆယ် ကျနော်တို့ စဖွင့်တဲ့လမ်းဆိုတော့ နယ်စပ်သွားတဲ့လူနည်းနည်းများတာပေါ့။ ထီးခီးနယ်စပ်မှာ လ၀က ရှိတယ်၊ လ၀ကမှာ ကျနော်တို့ မြန်မာငွေ တထောင်ပေးပြီးတော့ ပတ်စပို့ ၇ ရက်စာ ဟိုဘက်ကမ်းသွားလို့ရအောင် လုပ်ပေးလိုက်တယ်” လို့ ပြောပါတယ်။ ဒီကားလမ်းမကြီးကနေ ထိုင်းနိုင်ငံအထိ သွားရောက်လည်ပတ်ခဲ့တဲ့ ထားဝယ်ဒေသခံ မမာမာအေးက “လမ်းတွေ အကုန်လုံးကောင်းတယ်၊ ဘာအခက်အခဲမှ မရှိဘူး။ လောလောဆယ် ပတ်စပို့လုပ်တဲ့ဟာ သူတို့ ၇ ရက်စာပေးတယ်၊ ၁၀၀၀ ပဲကျတယ်။ သွားတဲ့လူ တော်တော်များတယ်” လို့ ပြောပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အခုလို လိုင်းကားတွေ ပြေးဆွဲနေတာဖြစ်ပြီး Road Link to Thiland ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဇွန်လက ထိုင်း-မြန်မာနှစ်နိုင်ငံက တာဝန်ရှိသူတွေ ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီလမ်းမ ဖောက်လုပ်မှုကိုတော့ ထိုင်းနိုင်ငံ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024