မာရာဒိုနာကွယ်လွန်သွားခြင်းသည် ကမ္ဘာကြီးအတွက် ဆုံးရှုံးမှုဖြစ်ဟု ဇီဒန်း ပြော

250
မာရာဒိုနာ ကွယ်လွန်ခဲ့တာဟာ ဘောလုံးလောကအတွက်သာ မဟုတ်ဘဲ ကမ္ဘာကြီးအတွက် ဆုံးရှုံးမှု ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်က အင်တာမီလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရာဒိုနာ ကွယ်လွန်သွားတဲ့သတင်းအပေါ် နည်းပြဇီဒန်းက ဝမ်းနည်း စကားဆိုခဲ့တာပါ။
အသက် ၁၄ နှစ်ကတည်းက မာရာဒိုနာ သိရှိခဲ့ပြီး မိမိရဲ့ စံပြကစားသမားက အန်ဇိုဖရန်ဆက်ကိုလီ ဖြစ်ပေမဲ့ မာရာဒိုနာက ကစားသမားတိုင်း အတုယူချင်တဲ့ စံပြ ကစားသမား တဦးဖြစ်တယ်လို့ ဇီဒန်းက ပြောပါတယ်။
မာရာဒိုနာကို အလွန်ထူးချွန်တဲ့ ကစားသမားလို့ ကိုယ်တိုင် ချီးကျူးခွင့်ရခဲ့တာက ကံကောင်းခဲ့ပြီး မာရာဒိုနာရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းရကြောင်း ဇီဒန်းက ပြောပါတယ်။
အက်လက်တီကို မက်ဒရစ် ကွင်းလယ်လူ ကိုကီကလည်း မာရာဒိုနာနဲ့ ဆုံတွေ့ဖူးခြင်းမရှိတဲ့ အတွက် ကံမကောင်းခဲ့ကြောင်းနဲ့ မာရာဒိုနာကွယ်လွန်ခဲ့တာက ဘောလုံးချစ်ပရိသတ်တွေအတွက် ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောပါတယ်။