A d v e r t i s e m e n t With Us

နန်းစည်းစိမ်များ စွန့်လွှတ်ရန် ထိုင်းဘုရင်ကို  ဆန္ဒပြသူများ တောင်းဆို

အမေရိကန်ဒေါ်လာ သန်းပေါင်း  သောင်းချီ တန်တဲ့ တော်ဝင်စည်းစိမ်တွေကို စွန့်လွှတ်ဖို့  ထိုင်းဆန္ဒပြသူတွေက ဘုရင် ဝချီရာလောင်ကွန်းကို နိုဝင်ဘာ ၂၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။  ဆန္ဒပြသူတွေက ကာလရှည်တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဘုရင် လောင်ကွန်းကို ဝေဖန်နေတာဖြစ်ပါတယ်။  နိုဝင်ဘာ ၂၄ ရက်မှာတော့ ရဲတပ်ဖွဲ့က ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ဘုရင်စနစ်အပေါ် စော်ကားမှု စွဲချက်တွေနဲ့ ဆင့်ခေါ်ခဲ့ပြီး  အဲဒီစွဲချက်တွေက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်ပါတယ်။  ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေက ဘုရင့်ရွှေတိုက်ဝန်ရုံးအပြင်ဘက်မှာ ဆန္ဒပြဖို့ စီစဉ်ထားပေမဲ့ ရဲတပ်ဖွဲ့က ကွန်တိန်နာတွေ၊ သွပ်ဆူးကြိုးတွေနဲ့ တားဆီးခဲ့ပြီးနောက်မှာ စုဝေးမယ့်နေရာကို ဆီယမ်ကူးသန်းရောင်းဝယ်ရေးဘဏ် ရုံးချုပ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။  အဲဒီဘဏ်မှာ ဘုရင် ဝချီရာလောင်ကွန်းရဲ့ ရှယ်ယာငွေ ၂၃ ရာခိုင်နှုန်းကျော် ထည့်ဝင်ထားပြီးသူဟာ အများဆုံး ရှယ်ယာရှင် ဖြစ်ပါတယ်။  နိုဝင်ဘာ ၂၅ ရက်မှာတော့ အဲဒီဘဏ်က ရှယ်ယာတန်ဖိုးဟာ ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး  ဈေးကွက်ကျယ်ပြန့်သလောက် နှစ်ဆ ကျော် တက်ခဲ့တာပါ။  ထိုင်းဘုရင်စနစ်ပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေစကတည်းက ဘုရင့်နန်းတော်က တစုံတရာ မှတ်ချက်ပြု ပြောခဲ့တာ မရှိပါဘူး။  ဆန္ဒပြသူတွေနဲ့ပတ်သက်လို့  မေးရာမှာတော့ ဘုရင် ဝချီရာလောင်ကွန်းက  သူဟာ ဆန္ဒပြသူ တွေကိုလည်း တန်းတူ ချစ်မြစ်နိုးတယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ရိုက်တာက ရေးသားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up