Home
မြန်မာသတင်း
မှုခင်းရှုထောင့် သတင်းထောက်ကတ်ကိုင် အမျိုးသမီး ၁ ဦးကို မူးယစ်ဆေးများဖြင့် ဖမ်းမိ
DVB
·
November 26, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှာ မှုခင်းရှုထောင့် သတင်းထောက်ကတ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဆီကနေ ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။   မှုခင်းရှုထောင့်သတင်းဌာန ကချင်ပြည်နယ်တာဝန်ခံ ကတ်ပြားကိုင်ဆောင်ထားတဲ့ အဲဒီ အမျိုးသမီးရဲ့ နေအိမ်ကနေ ဘိန်းဖြူ ၄၄၅ ဂရမ် ပန်းရောင်စိတ်ကြွဆေးပြား ၁၄၀ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းမိခဲ့တာပါ။  အောက်တိုဘာ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ သူ့အိမ်ကို ဝရမ်းနဲ့ အထူးမူးယစ်အဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထား တယ်လို့ မြစ်ကြီးနားမြို့ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ကျော်ဇေယျက ပြောပါတယ်။  ဖမ်းမိခဲ့တဲ့ မမြတ်မြတ်ထွေးဟာ မူးယစ်ဆေးဝါး သုံးစွဲတဲ့အပြင် ဖြန့်ဖြူးရောင်းချသူ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ-၁၉ (က)/၂၁ နဲ့ နယ်မြေရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မှုခင်းရှုထောင့်သတင်းထောက်တွေကို တရားဝင် သတင်းသမားအဖွဲ့အစည်း မဟုတ်ကြောင်း ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားပါတယ်။  မီးမီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024