မာရာဒိုနာ ငယ်ဘဝနေခဲ့သည့်အိမ်ရှေ့တွင် ပရိသတ်အချို့ ဆုတောင်းပွဲလုပ်

မာရာဒိုနာကွယ်လွန်ခဲ့ပြီးနောက် သူငယ်စဉ်က နေထိုင်ခဲ့တဲ့ အိမ်ရှေ့မှာ ပရိသတ်တွေက စုရုံးပြီး ဆုတောင်းပေးခဲ့ကြပါတယ်။  အသက် ၆၀ နှစ်ရှိ အာဂျင်တီးနား ဂန္ထဝင်ကစားသမား မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက် နေ့က နှလုံးဖောက်ပြီး သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။  ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အရေးပေါ်ခွဲစိတ်ကုသမှုခံရယူခဲ့ရတဲ့ မာရာဒိုနာဟာ ကျန်းမာရေး ပြန်ကောင်းလို့ ဆေးရုံက ဆင်းခွင့်ရခဲ့ပါသေးတယ်။ မာရာဒိုနာ ကွယ်လွန်ခဲ့ပြီးနောက်မှာ သူနေထိုင်ကြီးပြင်းခဲ့ရာ မြို့တော်ဗျူနိုအေးရိစ်က လာနက်စ်ဆိုတဲ့အရပ်က သူ့ရဲ့နေအိမ်မှာ လူတွေ စုရုံးရောက်ရှိလာခဲ့ကြတာပါ။   ပရိသတ်တချို့က လွမ်းသူ ပန်းတွေချပြီး ဆုတောင်းပေးခဲ့ကြသလို အာဂျင်တီးနားအလံ ပေါ်မှာ ဖဲကြိုးအနက်ချည်ပြီးတော့လည်း နေအိမ်ခြံစည်းရိုးမှာ ချိတ်ဆွဲထားပါတယ်။  မာရာဒိုနာက ကစားသမားဘဝက ဘိုကာဂျူနီယာ၊ ဘာစီလိုနာ၊ နာပိုလီ၊ ဆီဗီလာ အစရှိတဲ့ အသင်းတွေမှာ ကစားခဲ့ပါတယ်။  အာဂျင်တီးနားအသင်းအတွက် ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားရယူပေးခဲ့ပြီး ၁၉၉၀ အီတလီကမ္ဘာ့ဖလားမှာ ဒုတိယရယူနိုင်ခဲ့ပါတယ်။  ၁၉၉၄ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် ရေးဆင်း၊ အာဂျင်တီးနား၊ အယ်ဝါ အစရှိတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up