ဗြိတိန်နှင့် ကုန်သွယ်ရေး သဘောတူညီမှုရရန် အီးယူ ကြိုးပမ်း

FILE PHOTO: European Commission President Ursula von der Leyen delivers a statement at EU headquarters in Brussels, Belgium November 24, 2020. Olivier Matthys/Pool via REUTERS
ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန် နုတ်ထွက်ပြီး နောက်ပိုင်း EU ဟာ ဗြိတိန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရအောင် ကြိုးပမ်းနေတာမို့ လာမယ့်ရက်တွေဟာ အဆုံးအဖြတ်ပေးမယ့် ရက်တွေ ဖြစ်တယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယွန်က ပြောပါတယ်။ အီးယူနဲ့ ဗြိတိန်အကြား ကွာဟချက်ကြီးတွေက ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ဗြိတိန်နဲ့ ကုန်သွယ်ရေးမှာ မချောမွေ့တဲ့ အကွဲအပြဲဆီ ဦးတည်စေနိုင်တယ်လို့ ဗွန်ဒါလီယွန်က  ဥရောပပါလီမန်ကို ပြောပါတယ်။  ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့် ခွဲတမ်းဝေမျှရေး၊ ရေပိုင်နက် ဝင်ရောက်ခွင့်ပြုရေး၊ အနာဂတ် အငြင်းပွားမှုတွေကို နည်းလမ်းရှာ ဖြေရှင်းရေးနဲ့ နိုင်ငံတော် အထောက်အပံ့အပါအဝင် ကုမ္ပဏီတွေအတွက် စီးပွားရေးမှာ မျှမျှတတ လုပ်ကိုင်ခွင့်ရရေး စတဲ့ ပြဿနာတွေ၊ အငြင်းပွားဖွယ် ဖြစ်နေဆဲလို့ သူက ဆိုပါတယ်။  ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းအစီအမံတွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့တာ မလုပ်ဖို့လည်း သူက သတိပေးခဲ့ပါတယ်။  အမြန်ဖြေလျှော့လိုက်ရင် ကူးစက်မှု ပြန်မြင့်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ဗွန်ဒါလီယွန်က ဥရောပပါလီမန်ကို ပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up