နှင်းဆီပါတီခေါင်းဆောင် ဦးကျော်မြင့်ကို လဝက ဥပဒေဖြင့်စွဲထားသည့်အမှု တရားရုံး ပလပ်
DVB
·
November 25, 2020
ဖျက်သိမ်းခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လဝက အက်ဥပဒေ ပုဒ်မ (၁၃/၁) နဲ့ တရား စွဲဆိုထားတဲ့ အမှုကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ချမ်းအေးသာဇံမြို့နယ်တရားရုံးက ပလပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါသေးတယ်။
ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်က အကျဉ်းထောင်ပြင်ပမှာ ဆေးကုသနေစဉ် ထွက်ပြေးတဲ့ အတွက်တရားစွဲခံရတာပါ။ သူ့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ ဖမ်းဆီးမိခဲ့ပြီး မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင် ထိန်းသိမ်းထားတာဖြစ်ပါတယ်။
နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Photo-Kaung Zaw Hein/ MPA