Live
Home
ရုပ်သံ
ဝတ်မှုန်ရွှေရည်ကိုယ်တိုင်ချုပ် Mask များ မေရီချက်ပ်မင်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာန များသို့ လှူဒါန်း(ရုပ်သံ)
DVB
·
November 25, 2020
       ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်က သူကိုယ်တိုင်ချုပ်ထားတဲ့ နှာခေါင်းစည်း Mask တွေကို မေရီချက်ပ်မင်းနားမကြားသော ကလေးများ ကျောင်းနဲ့ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတို့ကို လှူဒါန်းခဲ့ပါတယ်။        ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်က တဆင့် ခုလိုရေးသားပြီး ပရိသတ်တွေအတွက် မျှဝေထားခဲ့တာပါ။        “Stay at Home မှာ ကစ် Team နဲ့ အတူတူ ကစ် ကိုယ်တိုင် Mask လေးတွေ ချုပ် ပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖြစ်ပါတယ်။ စက်မချုပ်တတ်ပေမယ့် သေချာလေး ကြိုးစားပြီး ချုပ်ထားပါတယ်။ ကစ်နာမည်လေးလည်း ပါတော့ အမှတ်တရပေါ့”        လတ်တလောမှာတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေနဲ့ အဆက် မပြတ်စေဖို့ ကိုယ်ပိုင်ယူကျုဘ်အကောင့်တခုကိုလည်း ဖွင့်ထားခဲ့ပြီး အလှူနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်ကိုပါ မျှဝေထားခဲ့တာ ဖြစ်ပါတယ်။        ခုလှူဒါန်းမှုမှာတော့ ဝတ်မှုန်ရွှေရည်က မေရီချက်ပ်မင်း နားမကြားသော ကလေး များကျောင်းကို သူ့ရဲ့ Team နဲ့ Mask တွေ သွားလှူခဲ့တာအပြင် ရွှေဂုံတိုင် ကလေးပြုစု ရေးဌာနကိုလည်း Mask အခု ၃၀၀ နဲ့ တနေ့တာ အာဟာရဒါန လှူဒါန်းခဲ့တာ ဖြစ်ပါ တယ်။        ကစ်လို့ ပရိသတ်တွေက သိကြတဲ့ အသက် ၃၂ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်ဟာ သရုပ်ဆောင်မော်ဒယ်တယောက်အနေနဲ့ အနုပညာလမ်းကြောင်း ပေါ်မှာ ဆယ်စုနှစ်ချီ လျှောက်လှမ်းလာခဲ့ပြီးဖြစ်ကာ လက်ရှိမှာတော့ နာမည်ကြီး ထိပ် တန်းသရုပ်ဆောင် မင်းသမီးတလက်အနေနဲ့ ထင်ရှားပါတယ်။ ခုချိန်မှာတော့ ဝတ်မှုန်ရွှေရည်ဟာ ‘နင်စေရင်’၊ ‘နှလုံးသားဖြင့် ပြုလုပ်သည်’ စ တဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့ပြီဖြစ်ကာ ပရဟိတ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း အိမ်မှာ မနေသာဘဲ အ ပြင်ထွက် ဝမ်းရေးအတွက် လှုပ်ရှားနေကြရတဲ့ မရှိနွမ်းပါးသူတွေကို လိုအပ်မယ့် ပစ္စည်းတွေနဲ့ အလှူ ဒါန ပြုလုပ်တာတွေ၊ အဲဒီနောက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ အဓိက လုပ်ဆောင်နေကြတဲ့ ဖောင်ကြီးဆေးရုံကျန်းမာရေး ဝန်ထမ်းတွေအတွက် ကျန်းမာရေး အာမခံအလှူကို ပရိ သတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါသေးတယ်။ တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေးရုပ်ရှင်ကားတွေအနေနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်ခဲ့တဲ့ ထိုင်း မြန်မာချစ်ကြည်ရေးရုပ်ရှင်-“ဘန်ကောက်မှ မန္တလေးသို့”၊ ဂျပန်-မြန်မာချစ်ကြည် ရေးရုပ်ရှင်- “ဇာတိမြေ”၊ ကိုရီးယားမြန်မာချစ်ကြည်ရေးရုပ်ရှင် -“တိမ်တွေပေါ်ကပန်း”စတဲ့ ရုပ်ရှင်ကားတွေဟာလည်း ထင်ရှားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ဝတ်မှုန်ရွှေရည်ဟာ ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်”ရုပ်ရှင်ကားနဲ့ ဆန်ကာတင်စာရင်းမှာ ပါ ဝင် နေခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ကာ  ဝတ်မှုန်ရွှေရည်နဲ့အတူ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားတွေ ဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင် ထားခဲ့ကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024