မက်ဆီကို ၁၀ နှစ် မဟာဗျူဟာစီမံကိန်းဖြင့် မန်စီးတီးအသင်း ကမ်းလှမ်းမည်

318
မန်စီးတီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ၁၀ နှစ် မဟာဗျူဟာစီမံကိန်း တစ်ခုနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်ကစလို့ အသင်းပြောင်းဖို့အတွက် တရားဝင်ဆွေးနွေးခွင့်ရရှိမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက မက်ဆီရဲ့ ကစားသမားဘဝတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အနားယူပြီးနောက်ပိုင်းအထိ ၁၀ နှစ် သက်တမ်းရှိ မဟာဗျူဟာစီမံကိန်းတစ်ခု ချထားပြီး အဲဒီမက်လုံးတွေနဲ့ မက်ဆီကို ဆွဲဆောင်မယ်လို့ ဒေးလီးမေးသတင်းစာက ဖော်ပြပါတယ်။
မက်ဆီအနေနဲ့ မန်စီးတီးအသင်းမှာ ကစားပြီးတဲ့နောက်မှာလည်း အမေရိကန် မေဂျာလိဂ် ကလပ် နယူးယော့ခ်စီးတီးမှာ ဆက်ကစားစေမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ အဘူဒါဘီအုပ်စုဟာ ကမ္ဘာတဝန်းမှာ ကလပ် ၁၀ သင်း ပိုင်ဆိုင်ပြီး တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေက ကလပ်တွေလည်း ပါဝင်ပါတယ်။
မက်ဆီ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်းမှာ အဲဒီကလပ် ၁၀ သင်းရဲ့ သံတမန် အနေနဲ့လည်း ဆက်လက်တာဝန်ပေးအပ်ဖို့ရှိတယ်လို့ သိရပါတယ်။