Home
မြန်မာသတင်း
ပွဲစားကို ငွေပေးပြီး ထိုင်းဘက်ခိုးဝင်ခဲ့သည့် မြန်မာ ၂၁ ဦး ဖမ်းဆီးခံရ
DVB
·
November 24, 2020
ပွဲစားကို ငွေပေးပြီး ထိုင်းနိုင်ငံဘက်ကို ခိုးဝင်ခဲ့တဲ့ မြန်မာ ၂၁ ယောက်ကို ဒီကနေ့ မနက်ပိုင်းက ဆန်ခလာ ဘူရီခရိုင်ထဲမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူတွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ရာဘာတောထဲကတဆင့် ဝင် ရောက်လာခဲ့ကြတာဖြစ်ကာ သူတို့ထဲမှာ အမျိုးသား ၉ ယောက်၊ ကလေးနဲ့အမျိုးသမီးတ ယောက်အပါအဝင် အမျိုးသမီး ၁၁ ယောက်ပါဝင်ပြီး ဆူရာစီကင်းလှည့်တပ်ဖွဲ့က မနက် အစောပိုင်း ၄ နာရီလောက်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ သူတို့ကို ဆန်ခလာဘူရီ ရဲစခန်းကို ပို့ဆောင်ကာ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု၊ ရော ဂါထိန်းချုပ်ကာကွယ်ရေးအက်ဉပဒေ ချိုးဖောက်မှုတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ တချို့ကတော့ ထိုင်းလိုပြောတတ်ကြပြီး သူတို့ဟာ ဒေသ ခံလမ်းပြတယောက်ရဲ့ အကူအညီနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာဖြစ်ကာ ဒီခရီး အတွက် တယောက်ကို ဘတ်ငွေ ၁၅,၀၀၀ နဲ့ ၁၈,၀၀၀ ကြား ပွဲစားခပေးခဲ့ကြရတယ်လို့ ပြောပါတယ်။ သူတို့ကို ကင်းလှည့်တပ်က ဖမ်းမိခဲ့ချိန်မှာတော့ ခေါ်ဆောင်လာခဲ့တဲ့ လမ်းပြက ထွက်ပြေးသွားခဲ့ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်- ၁၉ အန္တရာယ်ကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေ မရှိစေရေး အတွက် ၂ နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်တွေကို စည်းကမ်းတင်းကြပ်မှုတွေ လုပ်ဆောင် ထားပေမယ့် အလုပ်လုပ်ဖို့ရည်ရွယ်ချက်နဲ့ ခိုးဝင်လာသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့အထိ ဆန်ခလာဘူရီရဲစခန်းထဲမှာ အချုပ်ကျနေတဲ့ တရားမဝင်ခိုးဝင်လာ သူ ၄၇ ယောက်ရှိနေပြီး တရားရင်ဆိုင်ရဖို့ စောင့်နေရဆဲဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024