A d v e r t i s e m e n t With Us

နာဂေါ်နိုခါရာဘတ်ခ်ဒေသတွင် ရုရှား စစ်အင်ဂျင်နီယာများ မြေမြှုပ်မိုင်းရှင်းလင်း

နာဂေါ်နိုခါရာဘတ်ခ်ဒေသက စတက်ပန်နာကတ်နဲ့ ဂေါရက်စ်မြို့အကြား ဆက်သွယ်တဲ့  လမ်းမမှာ နိုဝင်ဘာ ၂၃ ရက်က ရုရှား စစ်အင်ဂျင်နီယာတွေ မြေမြှုပ်မိုင်း ရှင်းလင်းနေပါတယ်။  နာဂေါ်နိုခါရာဘတ်ခ်ဒေသဟာ အဇာဘိုင်ဂျန် အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် အာမေးနီးယန်းမျိုးနွယ်စု အများအပြား နေထိုင်ပါတယ်။  အဇာဘိုင်ဂျန်တပ်ဖွဲ့တွေနဲ့ အာမေးနီးယားမျိုးနွယ်စု တပ်ဖွဲ့တွေအကြား သီတင်းပတ်ချီ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်မှာတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ တိုက်ပွဲပြီးခဲ့ပြီး အဇာဘိုင်ဂျန်ဟာ နယ်မြေအသာစီး ရရှိခဲ့ပါတယ်။ ဒီသဘောတူညီချက်အရပဲ နာဂေါ်နိုခါရာဘတ်ခ်ဒေသမှာ ရုရှားငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ဖြန့်ကြက်ခဲ့တာပါ။  နိုဝင်ဘာ ၂၄ ရက် ရုရှားကာကွယ်ရေးဌာန ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ရုရှား မိုင်းရှင်းအဖွဲ့တစ်ခုဟာ အထူးကိရိယာနဲ့ အနံ့ခံခွေးတွေသုံးပြီး အလုပ်လုပ်နေတာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up