Home
မြန်မာသတင်း
Music Zone KTV ဆိုင်ပိုင်ရှင်နှင့် မန်​နေဂျာတို့ကို ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိ 
DVB
·
November 24, 2020
Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်​နေဂျာတို့ကို ဒီကနေ့ ရုံးချိန်းမှာ ရုံးထုတ်စစ်ဆေးခြင်းမရှိခဲ့ဘဲ ဒီဇင်ဘာ ၈ ရက်နေ့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပါတယ်။  ဒီနေ့ ရုံးထုတ်ဖို့စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ အခြေအနေကြောင့်  အင်းစိန်အကျဉ်းထောင်မှာ  အကျဉ်းသားပေးမထုတ်တဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ဘဲ အပြီးသတ်မှုခင်းစီမံခန့်ခွဲမှု မလုပ်နိုင်ခဲ့ဘူးလို့ စွပ်စွဲခံရသူဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​နေတဲ့ တရားလွှတ်​တော်​ရှေ့​နေ ဦး​ဇော်သိန်းထွန်းက ​ပြောပါတယ် ကိုဗစ်ကာလမှာ အစိုးရ ထုတ်ပြန်ချက်မလိုက်နာဘဲ KTV ဆိုင်ဖွင့်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က Music Zone KVT ဆိုင်ပိုင်ရှင်ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို  သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။  ဒီအမှုနဲ့ပတ်သတ်ပြီး ဘယ်နှစ်လအတွင်း အပြီးသတ်စစ်​ဆေးမယ်ဆိုတာကို​လည်း မသိရသေးပါဘူး။ Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်​နေဂျာတို့ကို ကျန်းမာ​ရေးဦးစီးမှူးက တရာလိုပြုလုပ်တရားစွဲဆိုထားတာဖြစ်ပါတယ်။ အဲ့ဒီKTV နဲ့ စပ်ဆက်ပြီး ပြည်တွင်းမှာ လူ​ပေါင်း ၁၀၀ နီးပါး​လောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024